ပွင့်ဖြူ အောက်တိုဘာ ၁၁
ကလေးသူငယ်များအား
ကုန်ကူးခြင်းကို ကာကွယ်ခြင်းနှင့် လုံခြုံသော ရွေ့ ပြောင်းသွားလာခြင်းအလေ့ အကျင့်ကို
အထောက်အကူပြုရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီနှိမ်နင်းရေးအဖွဲ့ အမှတ်
(၂)၊ခွဲ(၁)၊စု(၂) နှင့် UNICEF တို့မှ ကြီးမှူးဆောင်ရွက်သည့် လူကုန်ကူးမှု၊လူမှောင်ခိုမှုဆိုင်ရာများနှင့်
ကလေးသူငယ်များဆိုင်ရာ သိကောင်းစရာများသင်တန်း ကို အောက်တိုဘာလ(၁၀)ရက်နေ့ နံနက်(၉)နာရီက
ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗိုလ်ဥတ္တမ ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင်
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေမှ အဖွင့်အမှာစကားပြောကြားပြီး တပ်ဖွဲ့စုမှူး၊
ဒု-ရဲမှူး လှဦးမှ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုများအဓိပ္ပာယ်ရှင်းလင်းချက်များနှင့်သိကောင်းစရာများ၊မကွေးတိုင်း
ဒေသကြီးအတွင်း အရေးယူဆောင်ရွက်ခဲ့သော လူကုန်ကူးမှုများနှင့် ဆောင်ရန်၊ရှောင်ရန်များ၊
တရားမ၀င် အလုပ်သမားများ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာသိကောင်းစရာများကို သင်ကြားပို့ချ
ဆွေးနွေးခဲ့သည်။
ထို့နောက်
UNICEF မှ ကလေးသူငယ်ကာကွယ်တာဆီးရေးအရာရှိ ဒေါ်သီတာစိမ်းက ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာများ၊ဗဟုသုတများ၊ကလေးသူငယ်
ကာကွယ်စောင့်စောင့်ရှောက်မှုဆိုင်ရာ အနှစ်ချုပ်များအား သင်ကြားပို့ချ ရှင်းလင်း၍ ပြန်လည်ဆွေးနွေးခဲ့ပါသည်။
အဆိုပါသင်တန်းသို့
ပွင့်ဖြူမြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊၊မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊
မြို့နယ်
အတွင်းရှိ
ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာများမှ
သင်တန်းသား(၁၀၀)ဦး နှင့် လူမှုရေးအသင်းအဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး သင်တန်းကို အောက်တိုဘာလ(၁၀)
ရက်နေ့ နံနက်(၉)နာရီမှ ညနေ(၄)နာရီ အထိ သင်ကြားပို့ချ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
0 comments:
Post a Comment