Friday, October 9, 2015

ခရိုင်အဆင့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံ အဖွဲ့ဝင်များဆိုင်ရာနည်းပြသင်တန်း(၂/၂၀၁၅) ပခုက္ကူ၌ဖွင့်




                                             ပခုက္ကူ  အောက်တိုဘာ 
          ၂၀၁၅ ခုနှစ်၊နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေ ရွေးကောင်ပွဲ အတွက် ခရိုင်နယ်မြေရွေးကောက်
ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ပညာပေးသင်တန်းကို အောက်တိုဘာ ၈ ရက်ကပခုက္ကူ
ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
          အခမ်းအနားတွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးရွေကျော့က မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့်  မဲရုံ
အဖွဲ့ဝင်များ အနေဖြင့် ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ ၊ နည်းဥပေဒေများကို လေ့လာမှတ်သားထားကြရန်နှင့်လွတ်လပ်
၍တရားမျှတသောရွေးကောက်ပွဲဖြစ်ရန် လိုအပ်ကြောင်း ကြိုတင်မဲကိစ္စနှင့် ပတ်သက်၍   အားနည်းချက်များကိုနည်း
ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း မဲရုံမှူးများ အနေဖြင့် ရွေးကောင်ပွဲမတိုင်မီ ကြိုတင်ဆောင်ရွက်
ရန်နည်းလမ်းများနှင့်ရွေးကောင်ပွဲကာလအတွင်းလုပ်ဆောင်ရန်  အချက်အလက်များကိုရှင်းလင်းပြောကြေားခဲ့သည်။
          သင်တန်းသို့ ခရိုင်အတွင်းရှိ ပခုက္ကူ၊  ပေါက်၊  ဆိပ်ဖြူ၊  ရေစကြိုနှင့် မြိုင်မြို့နယ်များမှ မြို့နယ်ရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး  သင်တန်းကာလမှာနှစ်ရောက်ဖြစ်ကြောင်းသိရသည်။
                                                                             ဥာဏ်တိုး(ပေါက်မြို့နယ်ပြန်/ဆက်)

0 comments:

Post a Comment