Sunday, October 25, 2015

ကျေးလက်ဒေသများ၌သောက်သုံးရေစစ် တမ်းကောက်ယူ


  တောင်တွင်းကြီး       အောက်တိုဘာ                  ၂၂
  မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်အတွင်းရှိကျေးရွာစုစုပေါင်း ၂၇၅  ရွာတိုတွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
  လက်ထောက်ညွန်ကြားရေးမှူးဦးမင်းမင်းlဒုတိယဦးစီးမှူးဦးခင်လေးနှင့်
  ဝန်ထမ်းများမှအဖွဲ့များခွဲ၍ကျေးရွာအရောက်ကွင်းဆင်း၍အောက်တိုဘာ ၂၂  ရက်နေ့စတင်ကာသောက်သုံးရေစစ်တမ်းများကောက်ယူခဲ့ကြကြောင်း
  သိရသည်။
            ထိုသို့စစ်တမ်းများကောက်ယူရာတွင်ကျေးလက်နေပြည်သူများ
သန့်ရှင်းသောသောက်သုံးရေရရှိမှုအခြေအနေများရေမီတာသုံးlရေပိုက်လိုင်း
များစနစ်တကျတပ်ဆင်အသုံးပြုနိုင်ရေးစီမံကိန်းချမှတ်၍အကောင်အထည်
  ဖော်ဆောင်ရွက်သွားမည်ဖြစ်၍အောက်တိုဘာ ၃၁ ရက်အထိသောက်သုံး
  ရေစစ်တမ်းများအပြီးကောက်ယူသွားမည်ဖြစ်ကြောင်းသိရသည်။
   နိုင်ဝင်း

0 comments:

Post a Comment