Tuesday, October 13, 2015

ချောက်မြို့တွင်မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျောက်တုံးနှင့် မြေသားများပြိုကျ




  ချောက်      အောက်တိုဘာ ၁၂ ရက်
    မကွေးတိုင်းဒေသကြီး ၊ချောက်မြို့ နယ်တွင်မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အောက်တိုဘာ ၁၂   ရက်နေ့ နေ့လယ် ၁၄း၀၀ နာရီ အချိန်က အမှတ် ၁၄ ရပ်ကွက်၊ စစ်ကွင်းရပ် ၊ တံတားချဉ်းကပ်လမ်း အနီးရှိ  ဦးလတ် (သ)၅၇ နှစ်(ဘ) ဦးအောင်ကို ၊ ဈေးရောင်း ၊အမှတ် ၈ ရပ်ကွက် ၊ဈေးကပ်စုရပ် (၂၄)ပေပတ်လည်  တစ်ထပ်တိုက် (လူမနေ)၏တောင်ဘက်ခန်း ၊တိုက်အောက်ခြေအတွင်းရှိ ကျောက်နံရံနှင့် မြေသားများ အလျား ၂၄ပေ ၊အနံ ၈ ပေ ၊အနက် ၈ ပေခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ တိုက်အောက်ဘက် ပေ၂၀ ခန့် နက်သည့် ချိုင့်တွင်နေအိမ် ဆောက်လုပ် နေထိုင်သော ဦးတိုးမောင် (သ)၅၀ နှစ်၊ (ဘ)ဦးအောင်သန်း ရောင်း/ဝယ်၊ အမှတ် ၁၄ ရပ်ကွက် ၊စစ်ကွင်းရပ်၏ (၃ ×၄)ပင်၊ တစ်ထပ်၊သွပ်မိုး၊ ထရံကာနေအိမ်၊ ဦးလှဦး(သ) ၇၂နှစ်၊(ဘ)ဦးမာရီ မှီခို ၊အမှတ် ၁၄ ရပ်ကွက်၊စစ်ကွင်းရပ်၏ ၃ ပင် ပတ်လည် မြေစိုက်၊ မျောတိုင်၊ သက်ကယ်မိုး၊ထရံကာ နေအိမ် မြောက်ဘက်ခြမ်းပေါ်သို့ ကျောက်တုံး နှင့် မြေသားများပြိုကျခဲ့ သဖြင့် နေအိမ် အောက်တွင်ကာရံထား သည့် ဝါးထရံများ ထိခိုက်ပျက်စီးခဲ့၍ ဆုံးရှုံးမှု တန်ဖိုး ၁၀၀၀၀/- ကျပ်တစ်သောင်းခန့် ဆုံးရှုံးခဲ့ကြောင်းသိရှိရသည်။

      မြေသားများပြိုကျခဲ့သည့် တိုက်မှာဆက်လက်ပြိုကျမှုများ ဖြစ်ပွားလာနိုင်သဖြင့် အဆိုပါ တိုက်၏ အောက်ဘက် နေအိမ်များ တွင် နေထိုင်ကျသော မိသားစုများ အား လက်တလော နေထိုင်ခြင်း မပြုရန် နှင့် နီးစပ်ရာ ဆွေမျိုးများ နေအိမ်တွင် သွားရောက်နေထိုင် ကြရန် စီစဉ်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
                     ဝင်းအိမွန်(ပြန်ဆက်)

0 comments:

Post a Comment