Thursday, October 29, 2015

တိရစ္ဆာန် အာဟာရဗေဒသင်တန်းဖွင့်




မြိုင်   အောက်တိုဘာ  ၂၇
          မကွေးတိုင်းဒေသကြီးအစိုးရ၏ခွင့်ပြုချက်၊တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့်
မြိုင်မြို့နယ်    မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးကြပ်ပြီး     တိရစ္ဆာန်အာဟာရဗေဒ     သင်တန်းဖွင့်ပွဲကို
အောက်တိုဘာ ၂၇ရက်နေ့ နံနက် ၉နာရီက ယင်းဦးစီးဌာနရုံး၌ ဖွင့်လှစ်သည်။
          အဆိုပါဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းနှင့်မြို့နယ်မွေးမြူရေးနှင့်
ကုသရေး လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှထူးတို့က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေး
ဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဒေါက်တာသောင်းစိန် မှ မြိုင်မြို့နယ်သည် မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနဲရေရှား
ဒေသတွင်ရှိ၍  မကြာမီရောက်ရှိတော့မည့် ဆောင်းရာသီနှင့်နွေရာသီကာလများတွင် တိရစ္ဆာန်အစာ ရှားပါးမှုတို့ကို
ကြိုတင်ကာကွယ်နိုင်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ဤသင်တန်းကို ဖွင့်လှစ်ရကြောင်း
ပြောကြားသည်။
          သင်တန်းသို့ မြို့နယ်တွင်း ရပ်ကွက်/ကျေးရွာအုပ်စုအသီးသီးမှ သင်တန်းသား/သင်တန်းသူ ဦး(၃၀)တို့
တက်ရောက်ကြပြီး သင်တန်းကာလမှာ (၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


                                                                             အောင်ကျော်မြင့်

0 comments:

Post a Comment