Sunday, October 25, 2015

ဂန့်ဂေါဒေသတွင် အဆက်မပြတ်လျှပ်စစ်မီးရရှိသဖြင့် အလင်းရောင်အတွက်သာမက ဆက်စပ်လုပ်ငန်းများဆောင်ရွက်လျှက်ရှိ




ဂန့်ဂေါ အောက်တိုဘာ ၁၇
          မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် မီးစက်ဖြင့်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခဲ့ရာမှ ၂၀၁၃ ခုနှစ် အောက်တိုဘာလမှစတင်ကာ အဆက်မပြတ်လျှပ်စစ်မီးရောက်ရှိသဖြင့် ဒေသနေပြည်သူများသည် လျှပ်စစ် ဓာတ်အားကို အလင်းရောင်အတွက်သာမက ဆက်စပ်လုပ်ငန်းများကိုလည်း ဆောင်ရွက်လျှက်ရှိကြသည်။
          ဂန့်ဂေါဒေသတွင် ယောလုံချည်ခေါ် ဂန့်ဂေါစပါယ်ရှယ်လုံချည် (နံကြီး)၊ (နံငယ်)တို့ကို လက်ရက်ကန်း ဖြင့် ရက်လုပ်လျှက်ရှိကြရာမှ စက်ရက်ကန်းဖြင့် ပြောင်းလဲရက်လုပ်ရန် စီစဉ်ဆောင်ရွက်နေကြသည်များရှိလာ သည်။
          စက်ရက်ကန်းနှင့် ဆက်စပ်ပစ္စည်းတွေကို ဝမ်းတွင်းမြို့မှာဝယ်ပါတယ်၊ လုပ်ငန်းဆောင်ရွက်နိုင်ဖို့အတွက် တော့ မန္တလေးမြို့ ဆောင်းဒါးသင်တန်းကျောင်းမှာ ပညာသင်ယူစေပါတယ်၊ အခုစက်တွေဆင်နေပါပြီ၊ အောက်တိုဘာ လကုန်ရက်ပိုင်းလောက်မှာ စတင်ရက်လုပ်နိုင်မှာပါ ဟု နိုင်ငံကျော်ယောလုံချည် အများဆုံး ရက်လုပ်သည့် ပျားကျေးရွာမှ ဒေါ်သန်းရီက လုပ်ငန်းဆောင်ရွက်မှုကို ပြောကြားသည်။
          အဆိုပါ ရက်ကန်းစက်တစ်လုံးအတွက် ငွေကျပ် ၂၅ သိန်းကုန်ကျမှုရှိကြောင်းနှင့် လက်ဖြင့်ရက်လုပ် သည်ထက် ၁၀ ဆ ခန့်ပိုမိုမြန်ဆန်စွာရက်လုပ်နိုင်မည်ဖြစ်ကာ လုပ်အားခလည်း ပို၍ပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းမှာ ဂန့်ဂေါမြို့နယ်သို့ အဆက်မပြတ်လျှပ်စစ်မီး ရောက်ရှိခြင်း၏ အကျိုးကျေးဇူးဖြစ် ကြောင်း ၄င်းကပြောဆိုသည်။
မြဟန်ကြည်

0 comments:

Post a Comment