Sunday, October 25, 2015

မင်းဘူးခရိုင် (၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ




မင်းဘူး         အောက်တိုဘာ      ၂၅
          မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် ၂၀၁၅-ခုနှစ် (၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ(၂၅)ရက်နေ့ နံနက်(၈)နာရီက မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
          ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့် မှ အဖွင့်အမှာစကားပြောကြားရာတွင်  အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများကို ထိန်းသိမ်းဖော်ထုတ်ပြီး တီထွင်မြှင့်တင်လျက် နိုင်ငံတကာ အဆင့်မီ ဆန်းသစ်ပေါင်းစပ်ပေးနိုင်မည့် မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန်နှင့် အမျိုးဂုဏ်၊ဇာတိဂုဏ်မြင့်မား ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ၍ စစ်မှန်သော မျိုးချစ်စိတ်ဓါတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓါတ်ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ ယခုပြိုင်ပွဲ ကို ကျင်းပပေးရခြင်းဖြစ်ကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။ထို့နောက် မင်းဘူးခရိုင်၏၂၀၁၅-ခုနှစ် (၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲများအား ဆက်လက် ကျင်းပခဲ့သည်။
          အဆိုပါပြိုင်ပွဲသို့ မင်းဘူးခရိုင်အတွင်းရှိ မင်းဘူးမြို့နယ်၊ပွင့်ဖြူမြို့နယ်၊စလင်းမြို့နယ်၊ငဖဲမြို့နယ်၊ စေတုတ္တရာမြို့နယ်များမှ ကျောင်းသား/ကျောင်းသူများနှင့်အဆို၊အက၊အရေး၊အတီး ၀ါသနာရှင်အဆင့် ပညာရှင်အဆင့်  စုစုပေါင်း(၃၆)ဦးတို့မှ အက၊ကဗျာလွတ်၊ကာလပေါ်၊မဟာဂီတ၊ ခေတ်ဟောင်း/ကာလပေါ်၊ အမျိုးဇာတိဂုဏ်မြှင့်တင်ရေးအဆို၊ဆိုင်းတစ်ဦးချင်း၊အရေး၊စောင်း၊မယ်ဒလင်၊ ပတ္တလား ၊ဒုံမင်း၊တယော၊စန္ဒယား စသည်တို့ဖြင့် ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment