Sunday, October 11, 2015

စေတုတ္တရာမြို့နယ်တွင် ၀က်မွေးမြူရေးနှင့် ကာကွယ်ဆေးထိုးသင်တန်းဆင်းပွဲကျင်းပ




စေတုတ္တရာ      အောက်တိုဘာ      ၁၁
          မကွေးတိုင်းဒေသကြီး၊စေတုတ္တရာမြို့နယ် မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာနမှ ၀က်မွေးမြူရေးနှင့် ကာကွယ်ဆေးထိုးသင်တန်းဆင်းပွဲကို အောက်တိုဘာလ(၁၁)ရက်နေ့ နံနက်(၉)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

          အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးမှ သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒု-ဦးစီးမှူး  ဦးဟန်ဇော်ဝင်းက သင်တန်းသားများအား လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ သင်တန်းသားများအား သင်တန်းဆင်လက်မှတ်မှတ်များ ပေးအပ်ပြီး သင်တန်းသား ဦးထွန်းဝင်းဦးမှ ကျေးဇူးတင်စကားပြန်လည်းပြော ကြားရာတွင် ရေဘေးသင့်ဒေသများ အမြန်ဖွံ့ဖြိုးတိုးတက်၍ စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းကိုဖွင့်လှစ်ပေးခဲ့တဲ့ အဖွဲ့အစည်းများကိုကျေးဇူးအထူးတင်ရှိပါ ကြောင်း၊မိမိတို့ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် ၀က်မွေးမြူနေကြသော်လည်း ဓလေ့ရိုးရာ ချင်းဝက်များသာ မွေးမြူနေကြပြီး စီးပွားဖြစ် မွေးမြူနိုင်ခြင်းမရှိခဲ့ရာ ယခုသင်တန်းမှ ပို့ချပေးတဲ့ အသိပညာများဖြင့် စီးပွားဖြစ် ၀က်မွေးမြူရေးလုပ်ငန်းကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ပြီး ကူးစက်ရောဂါများ ကျရောက်ပါက ကိုယ်တိုင် ကာကွယ်ဆေးထိုးပေးနိုင်မည်ဖြစ်ကြောင်း  ၀မ်းသာအားရပြောကြားခဲ့ကာ  အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

          အဆိုပါသင်တန်းသို့ စေတုတ္တရာမြို့နယ် သံဆည်ရွာ၊တယ်ဇာရွာ၊မြေနီကုန်းရွာ၊တောင်မြေနီရွာ၊ အင်းကုန်းရွာ၊ ကျောက်ဖူးရွာ၊ထန်းကိုင်းရွာ၊ ဒုံချောင်းရွာ၊ သရန်ကိုင်းရွာ၊ခွေးမလောင်ရွာ၊ဟန်ဒေါက်ရွာ၊ငလဲရွာ၊ ပွင့်တောက်ရွာ၊ ဘူးရွာ၊ ပန်းအိရွာ၊မြောင်းဦးရွာ၊ ဖအိုင်း(မကြီးစု)ရွာ၊ ကုန်းတရားရွာနှင့် မဏ္ဍပ်ကိုင်းကျေးရွာများ မှ ကျေးလက်နေ သင်တန်းသား (၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှ စက်တင်ဘာလ(၂၈)ရက်နေ့မှ အောက်တိုဘာလ(၁၁)ရက်နေ့ထိ စာတွေ့/လက်တွေ့များနှင့် ကျေးရွာများ အရောက် ကွင်းဆင်းကာကွယ်ဆေးထိုးခြင်းများဖြင့် ကျွမ်းကျင်သည်အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment