Monday, October 12, 2015

မင်းဘူးမြို့ ဆားဗွက်ချောင်း ရေကြီး၍ ကျေးရွာများသို့ ချောင်းရေ၀င်ရောက်




မင်းဘူး      အောက်တိုဘာ      ၁၂
          မင်းဘူးမြို့တွင် အောက်တိုဘာလ(၁၁)ရက်နေ့ ညပိုင်းမိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့်  ဆားဗွက်ချောင်းအတွင်း  ချောင်းရေများမြင့်တက်လာကာ ည(၁၂)နာရီမှစ၍ ချောင်းအနီးရှိ ကျေးရွာများအတွင်း သို့ ရေများဝင်ရောက်ခဲ့သည်။


          ဆားဗွက်ချောင်းအနီးရှိ ရေမြက်ကျေးရွာ၊ချောင်ဖြူကျေးရွာ၊ရေတွင်းကုန်းကျေးရွာ၊ကျောက်တန်းကျေး ရွာတို့တွင် အောက်တိုဘာလ(၁၂)ရက် နံနက်ပိုင်း(၂)နာရီမှစ၍ ချောင်းရေများ လျင်မြန်စွာဝင်ရောက်လာသဖြင့် ရေဘေးကင်လွတ်ရာ နေရာသို့ ခေတ္တပြောင်းရွှေ့နေထိုင်ခဲ့ရသည်။

          ကျောက်တန်းကျေးရွာတွင် လူနေအိမ်(၃)လုံး နှင့်နွားတစ်ကောင်း၊ဆိုင်ကယ်များနှင့် ပရိဘောဂပစ္စည်း များ မျှောပါပျက်စီးဆုံးရှုံးခဲ့ပြီး စိုက်ပျိုးသီးနှံများ ပျက်စီးခဲ့သည်။

          ကျောက်တန်းကျေးရွာမှ ဦးနိုင်ဝင်းက ဆားဗွက်ချောင်း ရေမကြီးတာ (၅၁)နှစ်ကြာပြီ၊ယခုမှ အထက်ဘက်ရှိ ချောင်းများရေကျလာလို့ တရှိန်းထိုး ချောင်းရေကြီးလာတာ၊ည(၂)နာရီကချောင်းရေ၀င်တယ်၊ မနက်(၄)နာရီမှာ ချောင်းရေပြန်ကျသွားတယ်၊ ရေတက်တာ ခဏပဲအချိန်ကြာတယ်၊ယာခင်းထဲက စိုက်ပျိုးသီးနှံ တွေ အကုန် ပျက်စီးသွာတယ်၊ ရေတင်စက်နဲ့ လယ်ယာသုံးပစ္စည်းကရိယာတွေလည်း ချောင်းရေထဲ မျှောပါ သွားတယ်၊နွားတွေတော့ ကျောက်တန်း အနောက်ကျောင်း(မြဗောဓိကျောင်း) ၀န်းအတွင်း ရွှေ့ထားရတယ်။ ဟုပြောပြခဲ့သည်။

          ဆားဗွက်ချောင်းရေကြီးမှုသည် အောက်တိုဘာလ(၁၂)ရက်နေ့ နံနက်(၇)နာရီတွင် ရေများ ကျဆင်းသွားပြီဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment