Wednesday, October 14, 2015

မဲရုံမှူး၊ဒု-မဲရုံမှူးနှင့် အဖွဲ့ဝင်များ ပညာပေး(မြို့နယ်အဆင့်)သင်တန်းဖွင့်လှစ်




ပွင့်ဖြူ       အောက်တိုဘာ      ၁၄
          မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ် မဲရုံမှူး၊ဒု-မဲရုံမှူးနှင့် အဖွဲ့ဝင်များ ပညာပေး(မြို့နယ်အဆင့်) သင်တန်းဖွင့်ပွဲအခမ်းအနားအား အောက်တိုဘာလ(၁၂)ရက်နေ့ နံနက်(၉)နာရီက ပွင့်ဖြူမြို့နယ် အ.ထ.ကကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
          သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးသက်ဦးဆွေမှ အဖွင့်အမှာစကား ပြောကြားပြီး မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးတင်ဝင်းမှ သင်တန်းပို့ ချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
          ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဆန်းမြင့်မှ မဲရုံလုံခြုံရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားအားရုပ်သိမ်းကာ သင်တန်းအား ဆက်လက်ပို့ချပေးခဲ့သည်။
          အဆိုပါသင်တန်းသို့ ပွင့်ဖြူမြို့နယ်အတွင်းရှိ မဲရုံ(၁၅၉)ရုံမှ မဲရုံမှူး၊ဒု-မဲရုံမှူးနှင့် အဖွဲ့ဝင်များအဖြစ်ဆောင် ရွက်ကြမည့် ဆရာ/ဆရာမများ၊ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များစုစုပေါင်း(၃၁၈)ဦး တက်ရောက်ခဲ့ကာ ဦးဖိုးပါ၊ ဦးအေးကြူ၊ဒေါ်မြမြဦး(မြို့နယ်ဥပဒေအရာရှိ)၊နှင့် ဒေါ်မေသန္တာအောင် (ဦးစီးမှူး၊ပြန်/ဆက်)တို့မှ အောက်တိုဘာလ (၁၂)ရက်နေ့မှ(၁၆)ရက်နေ့အထိ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment