ဂန့်ဂေါ အောက်တိုဘာ ၂၃
ဂန့်ဂေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကကြီးမှူး၍
တိရစ္ဆာန်များအတွက် အာဟာရဗေဒသင် တန်းဖွင့်ပွဲကို အောက်တိုဘာ ၂၃ ရက်က မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ပြုလုပ်ရာ
ဂန့်ဂေါခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းဆွေက
အမှာစကားပြောကြားသည်။
သင်တန်းသို့ ကျေးရွာအုပ်စု ၃၀ မှ သင်တန်းသား
၃၀ ဦးတို့တက်ရောက်ကြ၍ သင်တန်းကာလမှာ အောက်တိုဘာ ၂၇ ရက်ထိဖွင့်လှစ်သွားမည်ဖြစ်ကာ မြို့နယ်ဦးစီးမှူး
ဒေါက်တာစိန်ဝင်းနှင့် တာဝန်ရှိသူများက တိရစ္ဆာန်များအတွက် အာဟာရဗေဒသင်ခန်းစာများကို
စာတွေ့လက်တွေ့ပို့ချဆွေးနွေးကြကြောင်း သိရသည်။
မြဟန်ကြည်
0 comments:
Post a Comment