Sunday, October 25, 2015

မင်းဘူးမြို့ နယ်မဲရုံများလုံခြုံရေးအတွက် အထူးရဲသင်တန်းဖွင့်လှစ်လျက်ရှိ




မင်းဘူး                   အောက်တိုဘာ       ၂၂
          မကွေးတိုင်းဒေကြီး၊မင်းဘူးမြို့နယ်တွင် ၂၀၁၅-ခုနှစ်၊နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင် တည်ငြိမ် အေးချမ်းစွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးကြ မည့် ပြည်သူများ လွတ်လပ်အေးချမ်းစွာ မဲပေးနိုင်ရန် အထူးရဲများ ခန့်အပ်၍ တာဝန်ချထား ဆောင်ရွက်နိုင်ရန် အတွက် အထူးရဲသင်တန်းဖွင့်ပွဲကို အောက်တိုဘာလ(၂၀)ရက်နေ့ နံနက်(၈)နာရီက မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
          အဆိုပါဖွင့်ပွဲတွင် မင်းဘူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ၀င်းဦးမှ သင်တန်းနှင့်ပတ်သက်သည့်အကြောင်းအရာများ၊သင်တန်းစည်းမျဉ်းစည်းကမ်းများ၊ သင်ကြားပေးမည့် ဥပဒေဘာသာရပ်များ၊ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
          အဆိုပါ အထူးရဲသင်တန်းကို မင်းဘူးမြို့နယ်အတွင်းရှိ မဲရုံများရှိရာ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား(၁၇၂)ဦးအားခေါ်ယူ၍ အောက်တိုဘာလ(၂၀)ရက်နေ့မှ (၃၁)ရက်နေ့အထိ သင်တန်း ပို့ချပေးလျက် ရှိကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment