Wednesday, October 14, 2015

ရွေ့လျားစာကြည့်​တိုက်​ဖွင့်​၍ စာအုပ်​များငှါးရမ်း​ပေး


နတ်​​မောက်​            ​အောက်​တိုဘာ၁၃

နတ်​​မောက်​မြို့နယ်​ပြန်​ကြား​ရေးနှင့်​ပြည်​သူ့ဆက်​ဆံ​ရေးဦးစီးဌာနမှပြည်​သူများစာ​ပေကိုအလွယ်​တကူဖတ်​ရှုနိုင်​​စေရန်​နှင့်​စာဖတ်​ခြင်းမှအသိပညာဗဟုသုတပြည့်​ဝ​စေနိုင်​ရန်​ရည်​ရယ်​၍အပတ်​စဉ်​ဗုဒ္ဓဟူး​နေ့တိုင်းနတ်​​မောက်​မြို့မြို့မ​ဈေးကြီးတွင်​​ရွေ့လျားစာကြည့်​တိုက်​ပြုလုပ်​ပြီးစာအုပ်​များကို​ဈေး​ရောင်းဆိုင်​ခန်းများသို့ငှါးရမ်း​ပေးလျက်​ရှိ​ကြောင်းသိရသည်​။ရွေ့လျားစာကြည့်​တိုက်​တွင်​သုတ/ရသစာအုပ်​(၂၅၀)​ကျော်​ကို​ဈေးသူ​ဈေးသားများအားငှါးရမ်း​ပေးကာစာအုပ်​များကိုရက်​သတ္တတစ်​ပတ်​ပြည့်​လျှင်​ပြန်​လည်​အပ်​နှံ​စေပြီးစာအုပ်​အသစ်​များဖြင့်​လဲလှယ်​ငှါးရမ်း​ပေးလျက်​ရှိ​ကြောင်းသိရသည်​။
မြို့မ​ဈေးမှာ​ရွေ့လျားစာကြည့်​တိုက်​ကိုအပတ်​စဉ်​ဗုဒ္ဓဟူး​နေ့တိုင်းငှါးရမ်းခဲ့ရာစာအုပ်​ငှါးသူ(၁၂၀)​ကျော်​အထိလာ​ရောက်​ငှါးရမ်းဖတ်​ရှုကြပါတယ်​၊အပတ်​စဉ်​ငှါးရမ်း​ပေးတဲ့အတွက်​စာအုပ်​အလှူရှင်​များကစာအုပ်​များလှူဒါန်းကြသလိုစာအုပ်​ငှါးသူဦး​ရေလည်းအပတ်​စဉ်​တိုးတက်​လျက်​ရှိပါတယ်​ဟုမြို့နယ်​ပြန်​/ဆက်​စာကြည့်​တိုက်​မှူး(စာ​ထောက်​_၃)​ဒေါ်ဝင်း​မေထွန်းက​ပြောပြသည်​။
လှဝင်း(iprd)

0 comments:

Post a Comment