Tuesday, October 13, 2015

မှိုများ ဈေးကောင်းရ




မြိုင်   အောက်တိုဘာ   ၁၂
                  
အညာမြေဒေသ  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်-မြိုင်မြို့နယ်တွင်  မိုးများရွာသွန်းသဖြင့် မှိုများ
ပေါက်ရောက်ရာ-    မြိုင်မြို့၊   မြို့မ ဈေးအတွင်း ပျံကျဈေးသည်များက အောက်တိုဘာ ၁၂ ရက်နေ့တွင် လူအများကြိုက်နှစ်သက်သည့်         မှိုဖြူ ၊  မှိုနီစပ်၊  မှိုအုပ်ချွန်း (ခ)  မှိုအုပ်နက် (ခ) မှိုငှက်စွေ့များ      ရောင်းချလျှက်ရှိရာဖေါက်သည်ဈေး     မှိုတစ်ပိဿာလျှင်    ငွေကျပ် ငါးထောင်   ဖြစ်ပြီး ၊   လက်လီဈေး   မှိုတစ်ပိဿာလျှင် ငွေကျပ်ခြောက်ထောင်ကျပ်     ရောင်းချရ၍    ပြည်သူများ မိသားစု အပိုဝင်ငွေ    ရရှိကြသဖြင့် စားဝတ်နေရေး အဆင်ပြေကြကြောင်း သိရသည်။

                   အောင်ကျော်မြင့်

0 comments:

Post a Comment