Tuesday, October 13, 2015

မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး/ဒု-မဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းဖွင့်




မြိုင် အောက်တိုဘာ  ၁၂
                  
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်-မြိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူးနှင့် ဒု-မဲရုံမှူးများအား  ရွေးကောက်ပွဲဆိုင်ရာ  ပညာပေးသင်တန်းဖွင့်ပွဲကို  အောက်တိုဘာ ၁၂ရက်နေ့ နံနက် ၉နာရီကမြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

                   အဆိုပါသင်တန်းဖွင့်ပွဲတွင်   မြို့နယ်အုပ်ချုပ်ရေးမှူး   ဦးရဲလင်းအောင်   က အဖွင့်အမှာစကားပြောကြားပြီး  ၊ မြို့နယ်ရွေးကောက်ပွဲ    ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ   ဦးခင်မောင်သန်းနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းအေး(မြို့နယ်ပညာရေးမှူး)တို့က မဲရုံးမှူးနှင့် ဒု-မဲရုံမှူးများမှာ ဆရာကြီး/ဆရာမကြီးများ ဖြစ်ကြ၍မိမိတို့   ဆောင်ရွက်ရန်လုပ်ငန်း   တာဝန်များနှင့် လုပ်ပိုင်ခွင့်များကို ဆုံးဖြတ်ချက် မှန်ကန်ပြီး လက်မလိုက်ကြဘဲဆောင်ရွက်ကြရန် ၊   မဲစာရင်းတွင်    မိမိအမည်စာရင်းပါရှိမှသာ   မဲပေးရမည်ဖြစ်ကြောင်း  နှင့် ရွေးကောက်ပွဲနှင့်
ပတ်သက်သည်များကို    ရှင်းလင်းပြောကြားပြီး   မဲပေးပြီး ရရှိသော    မဲစာရင်း အရေအတွက်များကို အချိန်နှင့်တစ်ပြေးညီ တယ်လီဖုန်းဖြင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ရုံးသို့ အမြန်ဆုံးပေးပို့ကြရန် မှာကြားသည်။
 
                   ယင်းသင်တန်းတွင်   မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မဲဆန္ဒ နယ်မြေ(၁)ရှိ မဲရုံပေါင်း (၁၁၇)ရုံမှ  မဲရုံမှူးနှင့် ဒု-မဲရုံမှူး ဆရာကြီး/ဆရာမကြီး(၂၃၄)ဦး၊ စုစုပေါင်း (၂၆၂)ဦး တက်ရောက်ကြကြောင်း သိရသည်။ 
 အောင်ကျော်မြင့်

0 comments:

Post a Comment