Monday, October 26, 2015

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊အဖွဲ့ဝင် ဦးမြင့်နိုင်မှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်များနှင့် တွေ့ဆုံ




မင်းဘူး    အောက်တိုဘာ       ၂၆
          ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊အဖွဲ့ဝင်(မကွေးတိုင်းဒေသကြီး တာဝန်ခံ) ဦးမြင့်နိုင်နှင့် မကွေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်စိန်၊မင်းဘူးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များသည်  မင်းဘူး ခရိုင်အတွင်းရှိ ပွင့်ဖြူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊အတွင်းရေးမှူးများနှင့် တွေ့ ဆုံပွဲအခမ်းအနား ကိုအောက်တိုဘာလ(၂၅)ရက်နေ့ နံနက်(၁၀)နာရီ က ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဗိုလ်ဥတ္တမ ခန်းမတွင်ကျင်းပခဲ့သည်။
          တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊အဖွဲ့ဝင်(မကွေးတိုင်းဒေသကြီး တာဝန်ခံ) ဦးမြင့်နိုင်မှ ၂၀၁၅-ခုနှစ် ၊နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကျယ်တ၀င့်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ရပ်/ကျေးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ သိရှိလိုသည်များကို မေးမြန်းရာ မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်စိန်မှ ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။ဆက်လက်၍ ပွင့်ဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်စန်းမြင့်က ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။
          ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊အဖွဲ့ဝင်(မကွေးတိုင်းဒေသကြီး တာဝန်ခံ) ဦးမြင့်နိုင်မှ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ မေးမြန်းသည်များကို ဖြည့်စွက်ရှင်းလင်း၍ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
          ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊အဖွဲ့ဝင်(မကွေးတိုင်းဒေသကြီး တာဝန်ခံ) ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များသည် စလင်းမြို့နယ်သို့ နေ့လည်(၂)နာရီတွင်ရောက်ရှိပြီး စလင်းမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊အတွင်းရေးမှူး များနှင့်တွေ့ဆုံပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် (မကွေးတိုင်းဒေသကြီး တာဝန်ခံ) ဦးမြင့်နိုင်မှအဖွင့်အမှာစကားပြောကြားပြီး၊တက်ရောက်လာသော ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များမှ သိရှိလိုသောကိစ္စရပ်များအား မေးမြန်းဆွေးနွေးတင်ပြကြခဲ့သည်။ ထို့နောက် စလင်းမြို့နယ် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ဆန်းမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို တင်ပြဆွေးနွေးပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်ဦးမှ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့သည်။
          ၎င်းနောက် မကွေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်စိန်မှ မေးမြန်းဆွေးနွေး တင်ပြမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် (မကွေးတိုင်းဒေသကြီး တာဝန်ခံ) ဦးမြင့်နိုင်မှ နိဂုံးချုပ်အမှာစကားပြေကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment