Sunday, October 25, 2015

စစ်မှုထမ်းဟောင်းအဖွဲ့သားသမီးများအား ပညာသင် ထောက်ပံ့ငွေများ ပေးအပ်

  မကွေးတိုင်းဒေသကြီး ဆိပ်ဖြူ မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့မှ မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သားသမီးကျောင်းသား ကျောင်းသူများအား ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက်ထောက်ပံ့ငွေပေး
အပ်ပွဲအခမ်းအနားကို (၂၄-၁၀-၂၀၁၅)ရက်နေ့  နံနက်(၉) နာရီအချိန်က မြို့နယ်စည်ပင်သာယာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။
    အခမ်းအနားတွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဌ ဦးဝင်းကြည်က အမှာစကားပြောကြားရာ အဖွဲ့၏ရန်ပုံငွေ
များတိုးပွားအောင် ဆောင်ရွက်ထားရှိမှုနှင့် အဖွဲ့ဝင်များအား လက်ရှိထောက်ပံ့ပေးမှုများအားရှင်းလင်းပြောကြားပြီး ကျောင်းသားတစ်ဦးလျှင် အထက်တန်း(၂၅၀၀၀ိ/-) အလယ်တန်း(၂၀၀၀၀ိ/-) မူလတန်း(၁၅၀၀၀ိ/-) အဖြစ်  စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏သားသမီး (၃၈)ဦးအား တိုင်းဒေသကြီးလွှတ်တ်ာကိုယ်စားလှယ် ဦးမြင့်စိုး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုး စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဦးဝင်းကြည် တို့က ပညာသင်ထောက်ပံ့ငွေများအား အသီးသီး ပေးအပ်ကြကြောင်းသိရှိရသည်။

 ကိုမျိုး  (ယောဧရာ)

0 comments:

Post a Comment