Monday, October 5, 2015

ဗုဒ္ဓရောင်ခြည်ဝင်းသီရိစာကြည့်တိုက်ပန္နက်တင်မင်္ဂလာကျင်းပ


တောင်တွင်းကြီး                အောက်တိုဘာ               ၅
မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ပင်တိုင်အုပ်စုဂုံပင်ကျေးရွာတွင်နိုင်ငံတော်မတည်ငွေကျပ် (၂၀)သိန်းကျေးရွာပြည်သူများထည့်ဝင်ငွေကျပ်(၃၀)သိန်းဖြင့်အလျှား
(၃၀)ပေlအနံ(၂၀)ပေအမြင့်(၁၁)ပေရှိဗုဒ္ဓရောင်ခြည်ဝင်းသီရိစာကြည့်တိုက်ဆောက်လုပ်ရေးပန္နက်တင်မင်္ဂလာကိုအောက်တိုဘာလ ၄ ရက်နံနက်
၁၁ နာရီကကျင်းပရာကျေးရွာအုပ်ချူ ပ်ရေးမှူးဦးစိုးမြင့်လေးlဦးစိုးဝင်း(စွမ်းအား)အင်ဂျင်နီယာဦးဇေယျာထွန်းနှင့်ဦးဝင်း
(ဝင်းသီရိ)တို့ကမင်္ဂလာအချိန်တွင်ပန္နက်များရိုက်ပေးခဲ့ကြသည်။ နိုင်ဝင်း

0 comments:

Post a Comment