Wednesday, October 14, 2015

မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး/ဒု-မဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာ ဒုတိယနေ့ ပညာပေးသင်တန်းဖွင့်



မြိုင် အောက်တိုဘာ  ၁၃
                  
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်-မြိုင်မြို့နယ်    ရွေးကောက်ပွဲ   ကော်မရှင်အဖွဲ့ခွဲမှ     မဲရုံမှူး/
ဒု-မဲရုံမှူးများအား  ရွေးကောက်ပွဲဆိုင်ရာ  ဒုတိယနေ့ ပညာပေးသင်တန်းဖွင့်ပွဲကို  အောက်တိုဘာ ၁၃ ရက်နေ့ နံနက်
၉နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
                   အဆိုပါသင်တန်းဖွင့်ပွဲတွင်  မြို့နယ်ရွေးကောက်ပွဲ  ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ   ဦးခင်မောင်သန်းနှင့်
ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်ဆွေ (လ၀က) ဦးစီးမှူးတို့က မဲရုံးမှူး/ ဒု-မဲရုံမှူးများသည်     ဆရာကြီး/
ဆရာမကြီးများဖြစ်ကြ၍  မိမိတို့  ဆောင်ရွက်ရန် လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များကို ဆုံးဖြတ်ချက် မှန်ကန်ပြီး
ဘက်မလိုက်ကြဘဲ ဆောင်ရွက်ကြရန် ၊   မဲစာရင်းတွင်    မိမိအမည်စာရင်းပါရှိမှသာ   မဲပေးရမည်ဖြစ်ကြောင်း  နှင့်
ရွေးကောက်ပွဲနှင့် ပတ်သက်သည်များကို  ပြောကြားပြီး ၊ မဲပေးပြီး ရရှိသော  မဲစာရင်း အရေအတွက်များကို
အချိန်နှင့် တစ်ပြေးညီ တယ်လီဖုန်းဖြင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ရုံးသို့ အမြန်ဆုံးပေးပို့ကြရန် မှာကြားသည်။
                   ယင်းသင်တန်းတွင်   ဌာနဆိုင်ရာ အကြီးအကဲ(၁၀)၊ ကော်မရှင်အဖွဲ့ဝင်(၁၅)ဦး နှင့် မဲရုံ(၁၂၆)ရုံမှ
 မဲရုံမှူးနှင့် ဒု-မဲရုံမှူး ဆရာကြီး/ဆရာမကြီး(၂၅၂)ဦး၊ စုစုပေါင်း (၂၇၇)ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။         
  အောင်ကျော်မြင့်

0 comments:

Post a Comment