Friday, October 9, 2015

အညာမြေ တောင်သူများ စီးပွားဖြစ် သနပ်ခါးစိုက်




မြိုင်     အောက်တိုဘာ   

                   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်-မြိုင်မြို့နယ်တွင် အောက်တိုဘာ ပထမပတ်အတွင်း မိုးရေချိန်
၁.၈၀ လက်မ ရွာသွန်း၍ အညာမြေတောင်သူများအနေဖြင့် အမျိုးသမီးများ ကြိုက်နှစ်သက်သော သနပ်ခါးပင်များကို
မြေလွတ်မြေရိုင်းများတွင်   စိုက်ပျိုးသည့်အပြင်   ယခုအခါ   ယာခင်းမြေများတွင်လည်း   စီးပွားဖြစ် စိုက်ပျိုးနေကြပြီ
ဖြစ်သည်။
                   မြေလွတ်မြေရိုင်းများတွင် စိုက်ပျိုးသည့်အခါ တစ်ပင်နှင့်တစ်ပင် ၆ပေကို ပတ်လည်တွင် ၁ပေ
အနက် ၁ပေ ပတ်လည် ကျင်းတူး၍ သဘာဝမြေဆွေးများထည့်ကာ အတန်းလိုက် စိုက်ပျိုးကြပြီး ယာခင်းများ
တွင်လည်း တစ်ပင်နှင့်တစ်ပင် ၁၀ပေကွာ ပတ်လည်အတန်းလိုက် ကျင်းတူးပြီး စိုက်ပျိုးကြသည်။
                   သနပ်ခါးတစ်ပင်မှာ ငွေကျပ် ငါးဆယ်မှတစ်ရာ့ငါးဆယ်ကျပ်ထိ ပေးဝယ်ရပြီး အမျိုးသားတစ်ဦး
ကျင်းတူးငှားခ တစ်နံနက် နှစ်ထောင့်ငါးရာကျပ်နှင့်   အမျိုးသမီးတစ်ဦး   သနပ်ခါးပင် စိုက်ခ တစ်နံနက် ငွေကျပ်
တစ်ထောင်   ပေးချေရ၍   တစ်နံနက်   စိုက်ပျိုးလျှင်   သနပ်ခါးအပင်  တစ်ရာ့ငါးဆယ်ကျော် စိုက်ပျိုးပြီးကြောင်း
သိရသည်။တောင်သူများအနေဖြင့် သနပ်ခါးကို မြန်မာပြည်တွင်သာမက နိုင်ငံခြားသို့ပင် တင်ပို့ရောင်းချနိုင်သည်
အထိ မျှော်မှန်း၍ စီးပွားဖြစ် စိုက်ပျိုးကြပြီး  အပိုဝင်ငွေများရရှိလာမည်ဖြစ်ကြောင်း သိရသည်။ 
  အောင်ကျော်မြင့်

0 comments:

Post a Comment