Friday, October 9, 2015

တူမီးသေနတ်ကိုင်ဆောင်၍ ဆူပူသောင်းကြမ်းနေသူကို လက်နက်မှုဖြင့် အရေးယူ


၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်

် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည်
၊ အောက်တိုဘာ ၆ ရက်နေ့ နံနက် (၇)နာရီခွဲအချိန်ခန့်တွင်ဆောမြိ
ု့နယ်၊ လေးကျေးရွာနေ ရဲစိုး (၃၇)နှစ်
သည် တူမီးသေနတ် ကိုင်ဆောင်ပြီး နေအိမ် တွင် ဆူပူသောင်းကြမ်း နေကြောင်း သတင်းအရ သက်သေများနှင့်
အတူ ၀င်ရောက်ရှာဖွေရာ သစ်သား ကိုယ်ထည်ဖြင့် ပြုလုပ်ထားသော ဒင်မှပြောင်းစအထိ အရှည် (၄)ပေ
 (၂)လက်မခန့်ရှိ တူမီးသေနတ် (၁)လက်၊ ခဲလုံးကျည်(၂)လုံး၊ သေနတ်ယမ်းထိုးတံ (၂)ပေ (၁၀) လက်မရှိ
 သံချောင်း (၁)ချောင်း တို့အား တွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမ၀င် လက်နက်ကိုင် ဆောင်သူ ရဲစိုး အား
 ဆောမြို့ နယ်၊ ကျောက်ထု နယ်မြေရဲစခန်း (ပ)၆၇/၂၀၁၅၊ လက်နက် ဥပဒေပုဒ်မ ၁၉(စ) အရ အမှုဖွင့်
 အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
                            မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment