Saturday, October 31, 2015

မကွေးတိုင်းဒေသကြီးရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်



မကွေး အောက်တိုဘာ  ၃၀
          ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီး တွင် ပြည်သူများ အေးချမ်းလုံခြုံစွာ မဲပေးနိုင်ရေးအတွက် ခေမကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီနှင့် မကွေးခရိုင်၊ မကွေးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီတို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်က မကွေးမြို့ အထက-၄ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
          မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဗိုလ်မှူးကြီးနိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ရဲမှူးကြီးလူလူသန်းက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါ သည်။ ဆက်လက်ပြီး မကွေးခရိုင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးအုန်းသန်းက မကွေးခရိုင်အတွင်း လုံခြုံရေးများဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားပါသည်။ မကွေးခရိုင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးနှင့် မကွေးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးစောထွန်းဦးတို့က ပြည်သူများ အေးချမ်းလုံခြုံစွာ မဲပေးနိုင်ရေးအတွက် မကွေးခရိုင်နှင့် မကွေးမြို့နယ်အတွင်း လုံခြုံရေးများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း ပြောကြားရာ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြကြောင်းသိရသည်။
          အဆိုပါ အခမ်းအနားသို့ မကွေးခရိုင်ကော်မရှင်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ NGO များ တက်ရောက်ကြကြောင်းသတင်းရရှိပါသည်။
ညီညီမောင်(မကွေး)

0 comments:

Post a Comment