Sunday, October 25, 2015

နတ်​​မောက်​မြို့နယ်​မြို့မ​ဈေးကြီးအတွင်း​ရွေး​ကောက်​ပွဲဆိုင်​ရာအသိပညာ​ပေး​ဟော​ပြော

နတ်​​မောက်​            ​အောက်​တိုဘာ၂၄
  နတ်​​မောက်​မြို့နယ်​ပြန်​ကြား​ရေးနှင့်​ပြည်​သူ့ဆက်​ဆံ​ရေးဦးစီးဌာန၊မြို့နယ်​ဦးစီးမှူး၏ကြီးကြပ်​လမ်းညွှန်​ မှုဖြင့်​ယမန်​​နေ့ကမြို့မ​ဈေးကြီးအတွင်း​ရွေး​ကောက်​ပွဲဆိုင်​ရာအသိပညာ​ပေး​ဟော​ပြောပွဲပြုလုပ်​ခဲ့သည်​။ထို့​နောက်​မြို့နယ်​ပြန်​/ဆက်​ရုံးဝန်​ထမ်းများဖြစ်​သည့်​စာကြည့်​တိုက်​မှူး​ဒေါ်ဝင်း​မေထွန်း(စာ​ထောက်_၃)၊​ဒေါ်သင်းသင်း​ဝေ(ရုပ်​/သံ_၃)နှင့်​ဦးလှဝင်း(ဓါတ်​ပုံ_၂)တို့သွား​ရောက်​ခဲ့ရာမြို့မ​ဈေးကြီးအတွင်း​ဈေးသူ၊​ဈေးသားများနှင့်​​ဈေးဝယ်​သူပြည်​သူများဗဟုသုတရရှိ​စေရန်​၂၀၁၅ခုနှစ်​​အောက်​တိုဘာ၈ရက်​​နေ့တွင်​ကျင်းပမည့်​အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲအတွက်​မဲ​ပေးပုံအဆင့်​ဆင့်​၊မဲဆန္ဒရှင်​တစ်​ဦး၏​ဆောင်​ရန်​အချက်​များ၊မဲဆန္ဒရှင်​တစ်​ဦးသိမှတ်​ဖွယ်​နှင့်​ခိုင်​လုံမဲနမှုနာများ၊ပယ်​မဲနမှုနာများကိုစာကြည့်​တိုက်​မှူး​ဒေါ်ဝင်း​မေထွန်းမှပိုစတာများဖြင့်​ရှင်းလင်း​ပြောကြားခဲ့​ကြောင်းသိရသည်​။          လှဝင်း(iprd)

0 comments:

Post a Comment