Saturday, October 31, 2015

ငွေချည်​(၉)ချည်​မျှင်​ရှည်​ဝါ (၅)ဧကစံပြကွက်​ကွင်းသရုပ်​ပြပွဲ​ဆောင်​ရွက်

နတ်​​မောက်​            ​အောက်​တိုဘာ၃၀
မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​စိုက်​ပျိုး​ရေးဦးစီးဌာန(စက်​မှုသီးနှံ)မှ​ငွေချည်​(၉)ချည်​မျှင်​ရှည်​ဝါကွင်းသရုပ်​ပြပွဲကို​အောက်​တိုဘာ၂၉ရက်​နံနက်​၈နာရီကနတ်​​မောက်​မြို့ဝါးခုတ်​​ချောင်း​မြောက်​ဘက်​ကွင်းအမှတ်​(၇၄၄)ကွင်းတွင်​ကျင်းပခဲ့သည်​။
အဆိုပါကွင်းသရုပ်​ပြပွဲသို့မ​ကွေးတိုင်း​ဒေသကြီးစိုက်​ပျိုး​ရေးဦးစီးဌာန(စက်​မှုသီးနှံ)ဒုတိယညွှန်​ကြား​ရေးမှူးဦးမြင့်​လွင်​၊မြို့နယ်​အုပ်​ချုပ်​​ရေးမှူးဦး​ဌေး​အောင်​၊ခရိုင်​အဆင့်​တာဝန်​ရှိသူများ၊မြို့နယ်​စိုက်​ပျိုးတိုးတက်​​မှုမြင့်​မား​ရေးအဖွဲ့ဝင်​များ၊မြို့နယ်​စိုက်​ပျိုး​ရေးဦးစီးဌာန(စက်​မှုသီးနှံ)ဦးစီးမှူးနှင့်​ဝန်​ထမ်းများ၊ဌာနဆိုင်​ရာဝန်​ထမ်းများ၊​ကျေးရွာအုပ်​စုအုပ်​ချုပ်​​ရေးမှူးများနှင့်​ဝါစိုက်​​တောင်​သူများတက်​​ရောက်​ကြသည်​။
ထို့​နောက်​အခမ်းအနားတွင်​မ​ကွေးတိုင်း​ဒေသကြီးစိုက်​ပျိုး​ရေးဦးစီးဌာန(စက်​မှုသီးနှံ)ဒုတိယညွှန်​ကြား​ရေးမှူးဦးမြင့်​လွင်​မှ​ငွေချည်​(၆)ချည်​မျှင်​ရှည်​ဝါ၊​ရွှေ​တောင်​(၈)ဝါနှင့်​​ငွေချည်​(၉)ချည်​မျှင်​ရှည်​မျိုးသန့်​ဝါတို့၏သွင်​ပြင်​လက္ခဏများနှင့်​ဝါပိုးမွှား​ရောဂါကာကွယ်​နှိုမ်​နှင်းနည်းများကိုရှင်းလင်း​ဆွေး​နွေးခဲ့ခြင်း၊မြို့နယ်​အုပ်​ချုပ်​​ရေးမှူးဦး​ဌေး​အောင်​မှဝါသီးနှံအ​ရေးပါပုံများ၊​ဈေးကွက်​တွင်​​တောင်​သူများ၏စီးပွား​ရေးဘဝမြင့်​တက်​နိုင်​မှုများနှင့်​မြို့နယ်​စိုက်​ပျိုး​ရေးဦးစီးဌာန(စက်​မှုသီးနှံ)ဦးစီးမှူးဦးကြည်​မြင့်​မှ​ငွေချည်​(၉)ချည်​မျှင်​ရှည်​ဝါကွင်းသရုပ်​ပြပွဲပြုလုပ်​​ဆောင်​ရွက်​ရခြင်း၏ရည်​ရွယ်​ချက်​များကိုအကျယ်​တဝန်းရှင်းလင်း​ဆွေး​နွေးခဲ့ကြ​ကြောင်းသိရသည်​။              လှဝင်း(iprd)

0 comments:

Post a Comment