Sunday, October 25, 2015

ပွင့်ဖြူမြို့တွင် အထူးရဲ သင်တန်းဖွင့်ပွဲကျင်းပ




ပွင့်ဖြူ           အောက်တိုဘာ    ၂၁
          ၂၀၁၅-ခုနှစ်၊နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အများပြည်သူများ အေးချမ်းတည်ငြိမ်စွာ ဆန္ဒမဲပေးနိုင်ရန်နှင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထူးရဲခန့် အပ်ခြင်းနှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ပွင့်ဖြူမြို့ အ.ထ.ကကျောင်း အစည်းအဝေးခန်းမ၌ အောက်တိုဘာလ (၂၁)ရက်နေ့ နံနက်(၉)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
          အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးအေးကြူက မဲရုံများဖွင့်လှစ်သည့်နေ့၌ မဲပေးပုံအဆင့်ဆင့်နှင့် လုံခြုံရေးတာဝန်များအကြောင်း အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဆန်းမြင့်မှ ပွင့်ဖြူမြို့နယ်တွင်  မဲရုံပေါင်း ၁၅၉ ရုံအတွက် အထူးရဲ ၁၅၉ ဦး ကိုခန့်အပ်ခြင်းဖြစ်ကြောင်း၊ ဆက်သွယ်ဆောင်ရွက်ရာတွင် အဆင်ပြေစေရန်အတွက် မဲရုံရှိရာ ဒေသခံများကို ဦးစားပေးခန့်အပ်ထားခြင်း ဖြစ်ကြောင်း၊အထူးရဲများကို အောက်တိုဘာလ(၂၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ သင်တန်းပို့ချပေးသွားမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့ကာ ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။ ပွင့်ဖြူမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၂၄၁၂၇)ဦး ရှိကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment