Thursday, October 29, 2015

မြစိမ်းရောင်ကျေးရွာစီမံကိန်းထပ်မံအကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေးကြည့်ရှု



ငဖဲ    အောက်တိုဘာ   ၂၈
              မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း ၂၀၁၅-၂၀၁၆ခုဘဏ္ဍာရေးနှစ် အရင်း မပျောက်လည်ပတ်ရန်ပုံငွေကျပ် သိန်း(၃၀၀)စီဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းထပ်မံအကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာ(၁၀)ရွာတွင် ကျေးရွာသူ/သားများမှ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိသော တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအ၀ယ် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ထားမှု အခြေအနေ၊စာရင်းဇယားများထိန်းသိမ်းထားရှိမှုတို့အား အောက်တိုဘာ ၂၅ ရက်က မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့မှ ကျေးရွာများသို့ကွင်းဆင်းစစ်ဆေးပြီး အဆိုပါကျေးရွာများတွင် စာရင်းဇယားများအား စနစ်တကျထားရှိရေး၊ လုပ်ငန်းများအောင်မြင် အောင်ဆောင်ရွက်နိုင်စေရေး၊ မိမိတို့လုပ်ကိုင်သည့်လုပ်ငန်းများ ရေရှည်တည်တံ့ စေရေးတို့ကို လမ်းညွှန်မှာကြားကာ မြစိမ်းရောင်ကျေးရွာ ပြည်သူများက လုပ်ငန်းများနှင့်ပတ်သက်၍ အခက်အခဲများတင်ပြမှုအပေါ် ဖြေရှင်းဆောင်ရွက် ပေးခဲ့သည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment