Friday, October 9, 2015

ကျွဲမင်းကျချောင်းရေကြီးခရီးသည် ၂၇ဦးကယ်တင် တစ်ဦးသေဆုံး


ကျွဲမင်းကျချောင်းရုတ်တရက်ရေကြီးခြင်းကြောင့် ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့မှခရီးသည်(၂၇)ဦးကယ်တင်နိုင်သော်လည်း အမျိုးသမီးတစ်သေဆုံသွားကြောင်းသိရသည်။

ဖြစ်စဉ်မှာမကွေးတိုင်းဒေသကြီးနတ်မောက်မြှိုနယ်
နတ်မောက်-ပျော်ဘွယ်ကားလမ်း၊ ကျွဲမင်းကျချောင်းတွင်၂၀၁၅ခုနှစ်အောက်တိုဘာလ၈ရက်၊ ည၈နာအချိန်တွင် ဟိုက်ဂျက် 7H/4830 ယာဉ်အား ဦးမြင့်ထူးေ မာင်းနှင်နေစဉ်ရုတ်တရက်ရေကြီးခြင်းကြောင့် ကားပေါ်ပါလူ၆ဦးနှင့် ကားမှာချောင်းရေထဲသို့ ပါသွားစဉ် အမျိုးသမီးတစ်ဦးရေထဲမျောပါသွားကြောင်းသိရသည်။

အဆိုပါယဉ်ကဲ့သို့ နိုင်းဆဲဗင်းလိုင်းကား အမြန်ယဉ်မှာ ချောင်းရေထဲတွင် မကူးနိုင်ခြင်းဖြစ်ပေါ်သွားရာ 
မကွေးခရိုင်ရဲတပ်ဖွဲ့မှူးး ဒုရဲမှူးးကြီးမင်းဟန်၊
မြို့နယ်အုပ်ချုပ်ရေးမှူးး ဦးဌေးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးး ရဲမှူးသန်းချို၊ မြို့မရဲစခန်းမှူးး ဒုရဲမှူးမောင်ကိုနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ညွှန်ကြားရေးမှူးနှင့်မြို့မီးသတ်တပ်ဖွဲ့ဝင်များ ခိုင်စိုးသူဆိုင်ကယ်ကယ်ရီဥက္ကဌဦးသန်းအောင်နှင့်အဖွဲ့ဝင်များက သက်စွန့်ကျိုးပန်းကယ်ဆယ်ဆောင်ရွက်ခဲ့ကြသည်။
နိုင်ဆဲဗင်းကားပေါ်ပါ(၂၂)ဦးနှင့် ဟိုက်ဂျက်ကားပေါ်ကျန်၅ဦးတို့အား ကယ်တင်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။

ဟိုက်ဂျက်ကားမှအမျိုးသမီးမယဉ်သိန်းအသက်၄၆နှစ်သည် ဆင်ကန်ချောင်းရေကျချိန်သဲပြင်တွင်ကျောပိုင်နစ်၍သေဆုံနေကြောင်းသိရသည်။
အမျိုးသမီး၏ အလောင်းအား အမှုစစ်ရဲအုပ်သန်းနိုင်ဦးက စိတ်ဓါတ်ဖြူစင်လူမှုရေးဂရုနာရှင်အသင်းကားဖြင့်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးသည်။ 
 
အဆိုပါအမှုကို ဟိုက်ဂျက်ယာဉ်မောင်း ကိုမြင့်ထူးအား ယာဉ်(ပ)၆၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-ကဖြင့်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

နတ်မောက်သားမြွေဟောက်

0 comments:

Post a Comment