Sunday, October 25, 2015

မြိုင်မြို့နယ်တွင် မိုးနှောင်းနှမ်းကြီးစိုက်တောင်သူများ ဖြစ်ထွန်းအောင်မြင်လျက်ရှိ




                          
      ပခုက္ကူ            အောက်တိုဘာ ၂၃
          မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းကိုနေရာအနှံ့စိုက်ပျိုးလျက်ရှိသည်။ထိုသို့စိုက်ပျိုးရာတွင်
နှမ်းကို(၃)မျိုးခွဲခြားစိုက်ပျိုးလျက်ရှိပြီး အဆိုပါနှမ်းမျိုးများမှာ မိုကြိုရေသွန်းနှမ်း၊မိုးဦးနှမ်းလျှင်နှင့် မိုးနှောင်းနှမ်းကြီးများ
စိုက်ပျိုးကြရာ  မကွေးတိုင်းဒေသကြီး  မြိုင်မြို့နယ်တွင်  မိုးနှေင်းနှမ်းကြီးများ  စိုက်ပျိုးမှုဖြစ်ထွန်း  အောင်မြင်လျက်ရှိ
ကြောင်းသိရသည်။
          မြိုင်မြို့နယ်တွင် နှမ်းစိုက်တောင်သူများသည် မြေအောက်ရေနှင့်ဝေးကွာသည့် အရပ်ဒေသများဖြစ်သော
ကြောင့် မိုးဦးနှမ်းလျှင်နှင့် မိုးနှောင်းနှမ်းကြီးများသာ စိုက်ပျိုးလျက်ရှိသည်။မိုးဦးနှမ်းလျှင်ကို ကဆုန်လ္ဆန်းပိုင်းတွင်စ
တင်စိုက်ပျိုးကြရာ စိုက်မိုးသာရွာသွန်းခဲ့ပြီး အောင်ရေရရှိခဲ့ခြင်း မရှိသောကြောင့် မိုးဦးနှမ်းလျှင်စိုက်တောင်သူများအ
နေဖြင့် မျိုးဆုံးသလောက်နီးပါးဖြစ်ခဲ့ကြရသည်။ယခုအခါအနှောင်းမိုးရွာသွန်းမှုကောင်းမွန်သဖြင့် မိုးနှောင်းနှမ်းကြီး
စိုက်တောင်သူများ အသီး၊ပွင့်များဝေဆာလျှက်ရှိပြီး ယခင်နှစ်များထက် နှမ်းကြီးအထွက်နှုန်းပိုမိုကောင်မွန်လိမ်မည်
ဟုမျှော်လင့်နေကြကြောင်း မြိုင်မြို့နယ် ကန်ကလေးကျေးရွာနေ တောင်သူတစ်ဦးဖြစ်သူ ဦးဖိုးအေး၏ ပြောပြချက်
အရသိရသည်။
                                                                                                          ဥာဏ်တိုး(iprd)

0 comments:

Post a Comment