ပခုက္ကူ အောက်တိုဘာ ၂၁
ကျေးလက်နေပြည်သူများ စာပေအလွယ်တကူဖတ်ရှုလေ့လာနိုင်ရန်နှင့်
အနာဂတ်မျိုးဆက်သစ်လူငယ်များ
အသိပညာဗဟုသုတ
ရရှိရေးအတွက် ရန်ကုန်ရောက်ဒေသခံလူငယ်များ ဖွဲ့စည်းထားသည့် ဂရုဏာလူမှုကူညီရေးအ
သင်းမှ ဆောက်လုပ်လှူဒါန်းထားသည့်
ပခုက္ကူမြို့နယ် စပေအနောက်စုကျေးရွာ၌ အလင်းတမာရ် စာကြည့်တိုက်ဖွင့်
ပွဲကို အောက်တိုဘာ
၂၁ ရက် နံနက် ၉ နာရီက အဆိုပါစာကြည့်တိုက်ရှေ့တွင် ကျင်းပခဲ့သည်။
စာကြည့်တိုက်ဖွင့်ပွဲတွင် ပခုက္ကူမြို့နယ်ပြန်/ဆက်ဦးစီးဌာန၊မြို့နယ်ဦးစီးမှူး
ဒေါ်ဝင်းမေက စာကြည့်တိုက်ရေ
ရှည်တည်တံ့ခိုင်မြဲရေးနှင့်
၂၀၁၅ ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူ
များ မဲပေးပုံမဲပေးနည်းစနစ်များအကြောင်း ရုပ်ပုံပိုစတာများနှင့်
ရှင်းလင်းဆွေးနွေးသည်။ထိုနောက်ကျေးရွာအုပ်ချုပ်
ရေးမှူးက
စာကြည့်တိုက်ဖြစ်ပေါ်လာပုံနှင့် ဂရုဏာလူမှုကူညီရေးအသင်းဝင်တစ်ဦးက
စာကြည့်တိုက်တည်ဆောက်
ခြင်းဖြင့်
ကျေးရွာသူ/သားများ အသိပညာဗဟုသုတ ပိုမိုရရှိရမည်ဟူသော ရည်ရွယ်ချက်ဖြင့် လှူဒါန်းရခြင်းဖြစ်
ကြောင်းပြောကြားခဲ့သည်။
အလင်းတမာရ် စာကြည့်တိုက်ကို အလျား ၁၅ပေ၊အနံ ၁၀ပေ၊အမြင့် ၁၂ပေ၊သွပ်မိုး၊အုတ်ကာ
အဆောက်
အဦးဖြစ်ပြီး
ငွေကျပ်(၁၅)သိန်းကုန်ကျခံကာ ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဥာဏ်တိုး(iprd)
0 comments:
Post a Comment