Sunday, October 11, 2015

အာမိုမိတ်​​ဆွေ​တောင်​သူကြီးများအားဂုဏ်​ပြုပွဲအခမ်းအနားကျင်းပ


နတ်​​မောက်​       ​အောက်​တိုဘာ၁၀

နတ်​​မောက်​မြို့နယ်​အာမိုမိတ်​​ဆွေ​တောင်​သူဦးကြီးများအားဂုဏ်​ပြုပွဲအခမ်းအနားကို​အောက်​တိုဘာ၉ရက်​နံနက်​၁၀နာရီခွဲကနတ်​​မောက်​မြို့နယ်​ပြည်​သူ့ခန်းမကြီးတွင်​ကျင်းပသည်​။
အခမ်းအနားသို့နတ်​​မောက်​မြို့နယ်​စိုက်​ပျိုး​ရေးဦးစီးဌာနဦးစီးမှူးဦး​ဇော်​လင်း၊Aventive Ltd(အာမို)နတ်​​မောက်​မြို့နယ်​အ​ရောင်းကိုယ်​စားလှယ်​ဦး​ကျော်​စွာဦး၊Aventine Ltd(အာမို)​မြေသြဇာတိုင်းတာဝန်​ခံဦးရဲထွန်းနိုင်​၊နတ်​​မောက်​မြို့ဇုံဝန်​ထမ်းများ၊မ​ကွေးတိုင်းတာဝန်​ခံဦး​အောင်​​ဌေးနှင့်​နတ်​​မောက်​မြို့နယ်​ရှိ​တောင်​သူများတက်​​ရောက်​ကြသည်​။အခမ်းအနားတွင်​မြို့နယ်​စိုက်​ပျိုး​ရေးဦးစီးဌာနဦးစီးမှူးမှအာမခံချက်​ရှိ​သော​မြေသြဇာနဲ့အာမခံချက်​မရှိ​သော​မြေသြဇာအ​ကြောင်း၊​တောင်​သူ​တွေကို​မြေသြဇာရဲ့သက်​မှတ်​ချက်​အ​ပေါ်သုံးစွဲပါကအကျိုးဖြစ်​ထွန်းမှုနှင့်​ပိုးသက်​​ဆေးဥပ​ဒေရှိသလို​မြေသြဇာဥပ​ဒေရှိ​ကြောင်းကိုရှင်းလင်း​ပြောကြားသည်​။ထို့​နောက်​Aventine Ltd(အာမို)​မြေသြဇာတိုင်းတာဝန်​ခံဦးရဲထွန်းနိုင်​မှအာမိုကွန်​​ပေါင်း​မြေသြဇာအသစ်​များနှင့်​​တောင်​သူများအားမိတ်​ဆက်​​ဆွေး​နွေးခြင်းဖြင့်​လည်း​ကောင်း၊Aventine Ltd(အာမို)တိုင်းတာဝန်​ခံဦး​အောင်​​ဌေးမှအာမိုစိုက်​ပျိုး​ရေးသုံးပစ္စည်းများအ​ကြောင်းကို​ဆွေး​နွေးခဲ့ကြပြီးတက်​​ရောက်​လာကြ​သော​တောင်​သူများအားအာမိုစိုက်​ပျိုး​ရေးသုံးပစ္စည်းများဖြင့်​မဲနိုက်​လက်​​ဆောင်​များ​ပေးအပ်​သွားခဲ့​ကြောင်းသိရသည်​။       လှဝင်း(iprd)

0 comments:

Post a Comment