Sunday, October 25, 2015

နိုင်ငံတကာရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် လာရောက်တွေ့ဆုံ



မကွေး     အောက်တိုဘာ     ၂၃
          မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများအဖွဲ့ ရန်ကုန်မြို့ ဗြိတိန်သံရုံးမှ ပထမအတွင်းဝန် Mr.Wayne Ives သည် အောက်တိုဘာ ၂၂ ရက် ညနေ ၃ နာရီတွင်လည်းကောင်း၊စောင့်ကြည့်လေ့လာရေးအဖွဲ့ တစ်ခုဖြစ်သည့် လွတ်လပ်သောရွေးကောက်ပွဲ အာရှကွန်ရက်အဖွဲ့ (Asia network For Election) မှ နီပေါနိုင်ငံသား Mr. Bikal Shrestha နှင့်အရှေ့တီမောနိုင်ငံသူ Ms. Olinda Mariana De Oliveira)တို့က ညနေ ၄ နာရီတွင်လည်းကောင်း တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့်အဖွဲ့ဝင်များအား လာရောက်တွေ့ဆုံခဲ့သည်။
          တိုသို့တွေ့ဆုံရာတွင် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကြည်စိန်နှင့်  အဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်းရှိလူဦးရေနှင့်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦး ရေစာရင်းများ၊ တိုင်းဒေသကြီးအတွင်း မဲရုံများအခြေအနေ၊လုံခြုံရေးဆောင်ရွက်ထားရှိမှု၊၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီနှင့်ကိုယ်စားလှယ်လောင်းများ၏ အခြေအနေများကိုရှင်းလင်း ပြောကြားပြီးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌမှ ယခုနှစ်ကျင်းပဆောင်ရွက်မည့်ရွေးကောက်ပွဲသည် ၂၀၁၀၊၂၀၁၂ခုနှစ် ရွေးကောက်ပွဲများထက် ပြည်သူများနှင့်နိုင်ငံတကာမှပိုမိုစိတ်ဝင်စားမှုများသည့် ရွေးကောက်ပွဲဖြစ်၍ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ပွင့်လင်းမြင်စွာပြသဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
          ထို့နောက် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအဖွဲ့များက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် ဥက္ကဌနှင့်အဖွဲ့ဝင်များမှပြန်လည်ရှင်းလင်းဖြေ ကြားခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment