Monday, October 26, 2015

မကွေးမြို့ပေါ်တွင် ဆေးခြောက်များ လက်ဝယ်တွေ့ရှိသူများကို အရေးယူ



မကွေး      အောက်တိုဘာ     ၂၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ အမှတ်(၁၅) မူးယစ်တပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များ၊ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မကွေးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၄ ရက်နေ့ နံနက် (၃)နာရီခွဲအချိန်တွင် သတင်းအရ သက်သေများနှင့်အတူ မကွေးမြို့၊ အောင်ရတနာ အုပ်စု၊ ရန်ဝေးရပ်ကွက်၊ အဝေရာလမ်းရှိ `မြတ်´ တည်းခိုခန်းသို့ ၀င်ရောက် ရှာဖွေခဲ့ကြောင်း သိရသည်။
ယင်းသို့ရှာဖွေစဉ် အဆိုပါ တည်းခိုခန်းအတွင်း ပြည်မြို့၊ ခေတ္တရာမြို့သစ် (၁၀)လမ်းနေသူ `မြတ်´ တည်းခိုခန်း မန်နေဂျာ ဦးမြင့်စိုး (၄၂)နှစ်နှင့် တည်းခိုခန်း အကူလုပ်သား ထွန်းထွန်းနိုင် (၃၀)နှစ်တို့(၂)ဦးအား တွေ့ရှိရပြီး ဦးမြင့်စိုး၏ အနီးရှိ နံရံကပ်ဘီရိုအတွင်းမှ အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်လျက် (၃၂၁)ကြိမ်မြောက် အောင်ဘာလေထီ လက်မှတ်အိတ်အတွင်း ထုပ်ထားသည့် ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက် (၁)ထုပ်လျှင် (၀.၅) ဂရမ်ခန့်စီပါ အထုပ်(၅)ထုပ် (၂.၅ ဂရမ်ခန့်)၊ ငွေကြယ် မင်းဆေးလိပ် အတွင်း ထည့်ထားသည့် ဆေးစပ်နှင့် ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက်ရောရာ (၁)လိပ်လျှင် (၀.၉)ဂရမ်ခန့်စီပါ (၂)လိပ် (၁.၈ ဂရမ်ခန့်)၊ (၄x၆)ဆိုဒ်ရှိ အဖြူရောင်ကြွပ်ကြွပ်အိတ် အတွင်း ထည့်ထားသည့် ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက် (၅)ဂရမ်ခန့်၊ စုစုပေါင်း အလေးချိန် (၉.၃)ဂရမ်ခန့် (တန်ဘိုး ၂၀၀၀ိ/-)တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိသဖြင့် ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက်များအား ရောင်းချရန်၊ သုံးစွဲရန် အလို့ငှာ လက်ဝယ်ထားရှိသူ ဦးမြင့်စိုးနှင့် ထွန်းထွန်းနိုင်တို့အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း မယ(ပ) ၁/၂၀၁၅၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/ ၂၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သိရှိရသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment