Tuesday, October 13, 2015

မြန်မာ့ သြဇာသီးများ ဈေးကောင်း ရောင်းရ




မြိုင်   အောက်တိုဘာ   ၁၂
                  
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်-မြိုင်မြို့နယ် ဆားလင်းကန်၊ ၀က်ကျူံး၊ ချိုင်စောက်၊ သရက်ကွ
နှင့်   ကံယာကောင်းကျေးရွာများမှ     မြိုင် မြို့မ   ဈေးသို့ လာရောက်ရောင်းချကြသော  ပျံကျဈေးသည်များသည်
အောက်တိုဘာ ၁၂ ရက်နေ့က   လူအကြိုက်များသော   ရာသီစာ မြန်မာ့သြဇာသီးများ ရောင်းချကြရာ- သြဇာသီး
တစ်လုံးလျှင်   ငွေကျပ် ငါးဆယ်မှ   ရှစ်ဆယ်ကျပ်အထိ အလုံး အကြီးအသေးလိုက် ရောင်းချကြသဖြင့် ဈေးကောင်း
ရ၍ သြဇာသီး   ရောင်းချသူ မိသားစုများ အပိုဝင်ငွေ ရရှိကြကာ စားဝတ်နေရေး အဆင်ပြေကြကြောင်း သိရသည်။

                   အောင်ကျော်မြင့်

0 comments:

Post a Comment