Friday, October 9, 2015

ပုလဲသွယ်စပ် မျိုးစပါး ဧက ၁၀ စံပြကွက်၌ စုပေါင်းမြေသြဇာကြဲပက်




                                       
   ပခုက္ကူ  အောက်တိုဘာ 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှကြီးမှူးကျင်းပသောကြီးရွာလျှပ်စစ်မြစ်ရေတင် ကွင်းအမှတ်(၃၁၄)ဦးပိုင်(၅၆) တောင်သူဦးကြည်ဝင်း စိုက်ပျိုးထားသည့်မိုးစပါးပုလဲသွယ်စပ်ပျိုးစပ် ဧက၁၀စံပြကွက် စုပေါင်းမြေသြဇာကြဲပက်ပွဲကို အောက်တိုဘာ ၈ ရက်က ကျင်းပခဲ့သည်။

          အဆိုပါ ပွဲတွင်မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးစန်းလွင်ကဒေသနှင့် ကိုက်ညီသောစပ်မျိုးစပါး ခေတ်မီစိုက်ပျိုး
ရေးနည်းပညာ များကို လိုက်နာဆောင်ရွက်၍  တစ်ဧက အထွက်နှုန်းမြင့်တက်မှသာ ဒေသာဝမ်းစာဖူလုံ  ပိုလျှံပြီးဝင်
ငွေပိုမိုရရှိမည် ဖြစ်ကြောင်းနှင့် မြေသြဇာသုံးစွဲရာ၌ သဘာဝမြေသြဇာကြက်ချေး၊နွားချေးနှင့်   ယူရီးယားမြေသြဇာကို
သုံးအိတ်တစ်အိတ်နှုန်း တစ်ညရောနှောပြီး သုံးပါကပိုမို အကျိုးရှိထိရောက် မူရှိပုံတို့ကို ရှင်းပြခဲ့သည်။

          ယင်းနောက် စိုက်ပျိုးရေး ပညာပေးလက်ကမ်းစာစောင်များကို  ဒေသခံတောင်သူများ အား အခမဲ့ဖြန့်ဝေပေး
ခဲ့ပြီး  တောင်သူများက စပါးခင်းများ အတွင်း မြေသြဇာများ စုပေါင်းကြဲပက် ကြကြောင်းသိရသည်။

ဥာဏ်တိုး(ပေါက်)

0 comments:

Post a Comment