Sunday, October 25, 2015

ငဖဲမြို့နယ်အတွင်းရှိမဲရုံများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းဖွင့်



ငဖဲအောက်တိုဘာ     ၂၀
          ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ငဖဲမြို့နယ်အတွင်းရှိမဲရုံ(၇၂)ရုံတွင်လုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းဖွင့်ပွဲကိုယနေ့နံနက် ၈ နာရီက မြို့နယ်ထွေ/အုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
          သင်တန်းဖွင့်ပွဲတွင် ငဖဲမြို့နယ်ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးနိုင်ဝင်းဇော်က သင်တန်းဖွင့်အမှာစကားပြောကြားပြီးမြို့နယ်ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ရဲမှူးဥာဏ်ကီးရှိန်ကလုံခြုံရေးသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့်လုံခြုံရေးအထူးရဲသင်တန်းသားများအားသမိုင်းတွင်တဲ့လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကြီးမှာ လုံခြုံရေးတာဝန်ကို ထမ်းဆောင်တဲ့အတွက် မှတ်တမ်းတင် ဂုဏ်ယူဖွယ်ရာဖြစ်သလို တာဝန်ထမ်းဆောင်တဲ့နေရာမှာ အထူးရဲတာဝန်နှင့်ဝတ္တရား(၁၂)ချက်ကိုတိတိကျကျ အလေးထားလိုက်နာကြရန်ရှင်းလင်းပြောကြားကာမြို့မရဲစခန်းမှူး ဒုရဲမှူးအေးလွင်ကသင်တန်းတွင်လိုက်နာရမည့်စည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
          အဆိုပါလုံခြုံရေးအထူးရဲသင်တန်းတွင် ရဲကျင့်ဝတ်ဘာသာရပ်၊ လူ့အခွင့်အရေးဘာသာရပ်၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနှင့်ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်ဘာသာရပ်များကိုပို့ချသွားမည်ဖြစ်ပြီးသင်တန်းကာလမှာအောက်တိုဘာ(၂၀)ရက်နေ့မှ(၃၁)ရက်နေ့ ထိဖြစ်ကြောင်းသိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment