ရေနံချောင်း အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မိန်းမလှကျွန်းကျေးရွာတွင်
ဇူလိုင်နှင့်သြဂုတ်လ ပိုင်းက ဧရာဝတီမြစ်ရေမြင့်တက်ကာ ကျေးရွာအတွင်း ရေ၀င်ရောကမှုကြောင့်
လူမှုဝန်ထမ်း ကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ကျေးရွာရှိ အိမ်ထောင်စုများအတွက်
ကယ်ဆယ်ရေးပစ္စည်းများကိုလည်းကောင်း၊အလှူရှင်များမှ အိမ်ထောင်စုတစ်စုလျှင် ဆန်(၆)အိတ်
ခန့်၊ဆီ၊ဆား၊ပဲ၊ခေါက်ဆွဲခြောက်ထုတ်နှင့်အခြားစားသောက်ကုန်ပစ္စည်းများ လှူဒါန်းခဲ့သည်။
၎င်းကျေးရွာတွင် မြစ်ရေ၀င်ရောက်မှုကြောင့် မြစ်ကမ်းပါးနီးစပ်သောနေအိမ်(၅၇)လုံးနှင့်
စာသင်ကျောင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက ဘေးအန္တရာယ်ကင်းရှင်းသည့်နေရာတွင် ပြောင်းရွေ့ဆောက်လုပ်ပေးခဲ့သဖြင့်
အန္တရာယ်ကင်းရှင်းစွာနေထိုင်လျက်ရှိပြီး ကျောင်းသား ကျောင်းသူများလည်း အန္တရာယ်ကင်းရှင်းစွာ
ပညာသင်ကြားလျက်ရှိသည်။
အဆိုပါကျေးရွာသည် ဧရာဝတီမြစ်အတွင်းရှိ မြေနုကျွန်းပေါ်တွင် ကိုင်းသီးနှံများစိုက်ပျိုးပြီး
လူနေအိမ်များပါ ဆောက်လုပ်နေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်၍ ရေနနံချောင်းမြို့နှင့် ဆက်စပ်
နေသည့်နေရာတွင် ပြောင်းရွေ့နေထိုင်ရန် တာဝန်ရှိသူများကပြောကြားသော်လည်း ၄င်းတို့သည်
မိမိတို့စီးပွားရေးအတွက် အဆိုပါကျွန်းတွင်စိုက်ပျိုးရသဖြင့် ပြောင်းရွေ့နေထိုင်ရန်အခက်အခဲရှိ
ကြောင်းနှင့် ယခုလိုရေ၀င်ရောက်သည်မှာလည်း ဒီနှစ်မှ မဟုတ်ဘဲ ဧရာဝတီမြစ်ရေမြင့်တက်သည့် နှစ်တိုင်းရေ၀င်ရောက်လေ့ရှိပြီး ရေ၀င်ရောက်ပါက ရေလွတ်ရာသို့
ကျွဲ၊နွား တိရစ္ဆာန်များကိုသာ ပြောင်းရွေ့ထားပြီး လူများမှာ ကျေးရွာတွင်းရေလွတ်သည့်နေရာတွင်သာနေထိုင်ကြကြောင်း
ဒေသခံတစ်ဦးမှပြောပြသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment