Sunday, October 25, 2015

၂၀၁၅-ခုနှစ် နိုဝင်ဘာ(၈)ရက်နေ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲပေးပုံ ပေးနည်း စနစ်များ ပညာပေး ရှင်းလင်း



မြိုင်  အောက်တိုဘာ  ၂၂
          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် -မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်
ဦးစီးမှူး ဒေါ်အေးအေးနွဲ့(မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်)သည် အောက်တိုဘာ ၂၂ရက်နေ့ နေ့လည် ၁နာရီက
မြိုင်မြို့နယ် ကိုင်းတောမကျေးရွာအုပ်စု ၊ကျစ်တီးကျေးရွာ နှင့် နှမ်းဆီကန်ကျေးရွာ အုပ်စု၊ နှမ်းဆီကန်ကျေးရွာသို့
ရောက်ရှိ၍ ၂၀၁၅-ခုနှစ် နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ
အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲပေးပုံပေးနည်း ပိုစတာကားချပ်ဖြင့် ပြည်သူများအား အသိပညာပေး ရှင်းလင်း
ပြောကြားကြောင်း သိရသည်။ 
  အောင်ကျော်မြင့်

0 comments:

Post a Comment