Friday, October 9, 2015

ဆင်ပေါင်ဝဲမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဖွေ့ချောင်းရပ်၌ လူသတ်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဖွေ့ချောင်းရပ်၌
အောက်တိုဘာ ၇ ရက် ညနေ ၄ နာရီခွဲအချိန်တွင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ အမှတ်(၃)ရပ်ကွက်၊ ဖွေ့ချောင်းရပ်နေ ဟန်ဝင်းအောင် (၂၄)နှစ်သည် စက်ချုပ်လုပ်ငန်း
 လုပ်ကိုင်သည့် မရီးဖြစ်သူ မပန်းအိဖြူ (ခ)ပေးသီး၊ ၂၂နှစ်အား လွန်ခဲ့သော(၁ဝ)ရက်ခန့်က
အိမ်ပေါ်မှ ဆင်းသွားသူ ၎င်း၏ဇနီး မဝင်းဝင်းဌေး(၁၉)နှစ် ရှိ/မရှိသွားရောက်မေးမြန်းစဉ် မရီးဖြစ်သူမ
ှ မဝင်းဝင်းဌေး မရှိကြောင်းပြန်ပြောရာမှ စကားများရန်ဖြစ်ပြီး ဟန်ဝင်းအောင်မှ အသင့်ပါလာသော
 အရိုး(၄)လက္မ၊ အသွား (၈)လက္မ၊ ဗျက်(၁.၅) လက္မခန့်ရှိ သစ်သားရိုးတပ်ဓါးဦးချွန်ဖြင့်
ထိုးရာ
မပန်းအိဖြူ (ခ) ပေးသီးတွင် ဝဲဘက်ရင်အုံတွင်ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိပြီး အခင်းဖြစ်နေရာတွင်
 သေဆုံးသွားသဖြင့် ဓါးဖြင့်ထိုးသူ ဟန်ဝင်းအောင်အား ဆင်ပေါင်ဝဲမြို့နယ်၊ မြို့မရဲစခန်း (ပ)၉၇/၂ဝ၁၅၊
 ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
                                                                                         သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment