ဂန့်ဂေါ အောက်တိုဘာ ၁၀
မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ် ကျင်းကျေးရွာအနီး ဟန်းချောင်းတံတားမှာ အောက်တိုဘာ ၃ ရက်နံနက်ပိုင်းက
မိုးသည်းတန်စွာရွာသွန်းခဲ့သဖြင့် တောင်ကျရေများ အရှိန်ဖြင့်ကျရောက်မှုကြောင့် တံတားရေလည်တိုင်မျောပါကာ
ကျိုးကျပျက်စီးသွားသော ဟန်းချောင်းတံတားကို လမ်းဦးစီးဌာန လမ်းဆောက်လုပ်ရေးစီမံကိန်းအထူးအဖွဲ့(၁၂)ဂန့်ဂေါမြို့
မှ အရှည်ပေ(၅၀)ယာယီဘေလီတံတား ပြန်လည်တည်ဆောက်ပြီးစီးခဲ့ရာ အောက်တိုဘာ ၇ ရက်နေ့မှစတင်၍
ဒေသခံပြည်သူများ၊မော်တော်ယာဉ်များ ပုံမှန်ပြန်လည်ဖြတ်သန်းသွားလာလျက် ရှိကြောင်း သိရသည်။
အဆိုပါတံတားမှာ မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ပခုက္ကူ-ဂန့်ဂေါလမ်း
မိုင်တိုင်အမှတ်(၇၄/၁)နှင့်(၇၄/၂)အကြားတွင်တည်ရှိပြီး (၁၉၆၉)ခုနှစ်တွင် တည်ဆောက်ခဲ့သော
အလျား(၅၀)ပေ အနံ(၂၄)ပေ အမြင့်(၁၈)ပေခန့်ရှိသော အာရ်စီကွန်ကရစ် ဟန်းချောင်းတံတား တစ်စင်းဖြစ်ပြီး
အောက်တိုဘာ ၃ ရက်နေ့တွင် ချောင်းရေတိုက်စားမှုကြောင့် တံတား ရေလည် တိုင်မျောပါပြီး ကွန်ကရစ်ကြမ်းခင်းအရှည်(၃၇)ပေ
ကျိုးကျခဲ့မှုကြောင့် ဆက်သွယ်ရေးလမ်း ကြောင်းပြတ်တောက်မှုမရှိစေရေးအတွက် အမြန်ဆုံး ဖြတ်သန်းသွားလာနိုင်ရန်
ယာယီဘေလီ တံတားအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment