မြိုင် အောက်တိုဘာ
၂၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် -မြိုင်မြို့နယ်
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကျင်းပသော
ဌာနဆိုင်ရာ
ဝန်ထမ်းများ ရွေးကောက်ပွဲဆိုင်ရာ မဲပေးပုံနည်းစနစ်
မှန်ကန်ရေးပညာပေး ဆွေးနွေးပွဲကို
အောက်တိုဘာ
၂၇ရက်နေ့၊ နေ့လည် ၁နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးရဲလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ၊
မြို့နယ်ကော်မရှင်အဖွဲ့ခွဲ
အတွင်းရေးမှူး ဦးမျိုးမင်းသိန်း (မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး)၊ မြို့နယ်ကော်မရှင်
အဖွဲ့ခွဲ
အဖွဲ့ဝင် ဦးသန်းအောင် နှင့် ဦးသောင်းမြင့် တို့က ၀န်ထမ်းများ မဲပေးနိုင်ရေး ရွေးကောက်ပွဲဆိုင်ရာများနှင့်
မဲပေးပုံနည်းစနစ်
မှန်ကန်ရေး ပညာပေးဆွေးနွေးကြရာ-ဌာနဆိုင်ရာ (၃၀)မှ ၀န်ထမ်းပေါင်း (၂၇၅) ဦး တက်ရောက်
ကြကြောင်း
သိရသည်။
အောင်ကျော်မြင့်
0 comments:
Post a Comment