Sunday, October 11, 2015

မင်းဘူးမြို့ ကမ်းနားလမ်း အမှတ်၁နှင့်အမှတ်၂ ရပ်ကွက်ကူး ချောင်းတံ တားသည် ဆိုးရွာစွာ ပျက်ဆီးနေပါသည်။

မင်းဘူးမြို့ ကမ်းနားလမ်း အမှတ်၁နှင့်အမှတ်၂ ရပ်ကွက်ကူး ချောင်းတံ
တားသည် ဆိုးရွာစွာ ပျက်ဆီးနေပါ၍ ဒေသခံ ရပ်ကွက်ပြည်သူများ သွားရေးလာရေး ခက်ခဲနေပါသည်။
ကျမတို့က ဒီချောင်းကူးတံတားကို အသုံးပြုသွားလာနေရတာပါ၊အခုမြင်တဲ့အတိုင်း တံတားက အတော်ပျက်ဆီးနေပြီ အမှိုက်သရိုက်တွေပုံကြတော့ ကျန်းမာရေးအတွက်လည်း မကောင်းဘူး၊
နိင်ငံတော်က မြစ်ကမ်းနံဘေး သာယာလှပရေးတွေ လုပ်နေတာ ။ မကွေးမြို့
ဆို မြစ်ကမ်းဘေး အင်မတန်သာယာလှပနေတာ ကျမတို့တောင် မကွေးမြစ်ကမ်းဘေး သွား
အနားယူကြတာပါ။
မင်းဘူးမြစ်ကမ်းဘေးကတော့ အမှိုက်ပစ်
တဲ့နေရာဖြစ်နေပြီဟုပြောသည်။
အမှတ်၂နှင့်အမှတ်၃ ရပ်ကွက်ဖြတ်ကူး
မြစ်ကမ်းဘေး တံတားသည်လည်း ဆိုရွာစွာ
ပျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများ သွားရေးလာရေး ခက်ခဲကြောင်း အမြန်ဆုံး
ပြု ပြင်ပေးပါရန်နှင့် မြစ်ကမ်းနဖူး သာယာလှပရေး ဆောင်ရွက်ပေးရန် လိုလား
ကြောင်း မင်းဘူးမြို့ ပြည်သူလူထုက ပြော
သည်။
တင်ရွှေ( မင်းဘူး)

0 comments:

Post a Comment