Monday, October 12, 2015

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ မြိတ်မြို့နယ် ၊ မြိတ်တောင်ကျေးရွာအုပ်စု ရွှေပြည်တန်ရပ်ကွက် အတွင်းရှိ (ဝ.ဝ၂၈)ဧကရှိမြေကွက်များအား မြိတ်ခရိုင်မြေ စာရင်းဦးစီးဌါန မှ မြေတိုင်းတာမှု မှားယွင်းခြင်း၊ ပြည်သူများသဘောတူလက်ခံခြင်း မရှိပါပဲ မြေအငှါး ဂရမ်များချပေးနေခြင်း ကိစ္စအား အရေးယူဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားတိုင်ကြားခြင်း ကိစ္စ ။



တိုင်ကြားလွှာ

  အကြောင်းအရာ။ ။တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ မြိတ်မြို့နယ် ၊ မြိတ်တောင်ကျေးရွာအုပ်စု
  ရွှေပြည်တန်ရပ်ကွက် အတွင်းရှိ (ဝ.ဝ၂၈)ဧကရှိမြေကွက်များအား မြိတ်ခရိုင်မြေ
  စာရင်းဦးစီးဌါန မှ မြေတိုင်းတာမှု မှားယွင်းခြင်း၊ ပြည်သူများသဘောတူလက်ခံခြင်း
  မရှိပါပဲ မြေအငှါး ဂရမ်များချပေးနေခြင်း ကိစ္စအား အရေးယူဆောင်ရွက်ပေးပါရန်
  အသိပေးအကြောင်းကြားတိုင်ကြားခြင်း ကိစ္စ ။

  (၁) တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ မြိတ်မြို့နယ် ၊ မြိတ်တောင်ကျေးရွာအုပ်စု
  ရွှေပြည်တန်ရပ်ကွက်အတွင်း ရှိ (ဝ.ဝ၂၈)ဧက ရှိမြေကွက်များကို (၂ဝဝ၁-၄-၂၁)ရက်နေ့တွင်
  မြန်မာနိုင်ငံတော် အစိုးရမှ မြိတ်မြို့နယ် မီးလောင်မြေပြန်လည်နေရာချထားပေးခြင်း စီမံချက်
  ဖြင့် မြိတ်မြို့နယ်အတွင်းရှိ မီးဘေးဒုက္ခသည်များအား (ဝ.ဝ၂၈)ဧက အလျား (၅ဝ')xအနံ(၂၅')
  အကျယ်အဝန်းရှိမြေနေရာအား မြိတ်ခရိုင်မြေစာရင်းဦးစီးဌါန မှ စာရွက်စာတမ်းများနှင့်အတူ
  နေရာချထားပေးခဲ့သည်။
 
  (၂) အထက်ဖေါ်ပြပါ မြေဧရိယာပေါ်တွင် ကျွန်တော်အပါအဝင် ရွှေပြည်တန်ရပ်ကွက်
  အတွင်းရှိ ရပ်ကွက်သူရပ်ကွက်သားများ ပျော်ရွှေင်စွာဖြင့်လုပ်ကိုင်စားသောက်နေထိုင်လာခဲ့
  သည်မှာ (၂ဝဝ၁-၄-၂၁) မှ ယခု(၂ဝ၁၅-၁ဝ-၄) ထိ (၁၄)နှစ်တိုင်ကြာခဲ့ပြီး မြေပိုင်ဆိုင်မှုအရှုပ်
  အရှင်း လုံးဝ မရှိခဲ့ပါ။

  (၃) ယခုအခါ (၂ဝ၁၅-၉-၁၂)ရက်နေ့မှစ၍ ရွှေပြည်တန်ရပ်ကွက်အတွင်းရှိမြေကွက်
  များအား မြေအငှါးဂရမ် များချထားပေးမည်ဟု အသိပေး၍ မြေတိုင်းတာမှုများပြုလုပ်ခဲ့ပါသည်။
  ထိုသို့ မြေများတိုင်းတာရာတွင် မြေတိုင်းတာစက်ကရိယာဖြင့်တိုင်းတာသော်လည်း၊ မြေတိုင်စာ-
  ရေးများ ၏ တိုင်းတာမှု မှားယွင်းခြင်း ၊ အရည်အချင်းညံ့ဖျင်းခြင်း၊ တိုင်းတာသည့်အခါတွင်-
  သက်ဆိုင်ရာ (ယရက) ရပ်ကွက်လူကြီးများအားအသိပေးပါဝင်မှုမရှိခြင်း ၊ အိမ်ရှင်များ၏မြေအနေ
  အထားများအား မေးမြန်ခြင်းများမရှိပါပဲ ၊၄င်းတို့၏ ဆန္ဒအလျောက်တိုင်းတာခဲ့ခြင်းကြောင့်၊
  ယခင်မြေဧရိယာ (ဝ.ဝ၂၈)ဧကအစား (ဝ.ဝ၃ဝ)(ဝ.ဝ၃၁)(ဝ.ဝ၃၂)ဧက ဆိုသည့်ရလာဒ်များထွက်
  ပေါ်ခဲ့သည့်အပြင် အဆိုးဆုံးမှာ(ဝ.ဝ၂၅)(ဝ.ဝ၂၆) ဧကဆိုသည့်မြေမပြည့်မှီသည်မြေကွက်ပေါင်း
  (၈ဝ)ကျော်အထိရှိနေခဲ့ပါသည်။
  (၄) ဤကဲ့သို့ ယခင်အစိုးရမှချထားပေးသော မြေဧရိယာ(ဝ.ဝ၂၈) ဧက အစား(ဝ.ဝ၂၅)၊(ဝ.ဝ၂၆)
  ဧကဖြစ်ပေါ်နေခြင်းကို အများပြည်သူများအား အသိပေးခြင်းမရှိပါပဲ၊ အမှုတွဲလက်မှတ်တွင်လက်မှတ်
  ထိုးခိုင်ခြင်း၊စာရွက်စာတမ်း အချက်အလက်များတွင်လက်မှတ်ထိုးခိုင်းခြင်းများပြုလုပ်ပြီး ကာမှ ဖေါ်ပြပါ
  (ဝ.ဝ၂၅)၊(ဝ.ဝ၂၆)မြေကွက်များသည် မြေဧရိယာမပြည့်မှီသဖြင့် မြေဂရပ်ပြုလုပ်၍မရပါကြောင်း၊ ကျော်
  လွန်၍မြေပိုနေသာ (ဝ.ဝ၃၀)(ဝ.ဝ၃၁)(ဝ.ဝ၃၂) မြေကွက်များကိုသာ မြေဂရမ် ပြုလုပ်ပေးမည်ဖြစ်ကြောင်း
  အကြောင်းကြားလာပါသဖြင့် ၊ မြိတ်တောင်ကျေးရွာ ဥက္ကဋ္ဌ ၊ ရွှေပြည်တန်ရပ်ကွက် ရာအိမ်မှူး များနှင့်
  မတရား ခံနေရသော (အိမ်ခြေ ၈ဝ ကျော်)မြေကွက်ပိုင်ရှင်များမှ ကန့်ကွက်၍ယခင်ချထားပေးခဲ့သော
  မြေဧရိယာ(ဝ.ဝ၂၈)ဧက အားအမှန်အတိုင်းဖြစ်အောင်ပြန်လည်တိုင်းတာမှုပြုလုပ်ပေးပါရန်၊တောင်းဆို
  ကြရာ ၊ မြိတ်ခရိုင်မြေစာရင်းရုံးနှင့် မြိတ်ခရိုင်မြေစာရင်းဦးစီးဌါန ဦးစီးမှူးမှနေ၍ ၄င်းတို့အနေဖြင့် မြေများ
  ပြန်လည်တိုင်းတာမပေးနိုင်ကြောင်း၊မြေပုံဆွဲထားပြီးဖြစ်ကြောင်း၊၄င်းမြေပုံအားပြန်မပြင်လိုကြောင်း ၄င်း
  အတိုင်းအတည်ပြုထားပြီးဖြစ်ကြောင်း ပြောဆို၍ (၁-၁ဝ-၂ဝ၁၅) မှစ၍မြေဂရမ်များ ထုတ်ပေးလျက်ရှိ
  နေပါသည်။

  အထက်တွင်ဖေါ်ပြထားသောအချက်များ နှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်
  မြိတ်မြို့နယ် မြေစာရင်းရုံး မှ ဦးစီးမှူး နှင့် မြေတိုင်းစာရေးများ စသောလူ တစ်စု၏ အရည်အခြင်းညံ့ဖျင်း
ြ ခင်း၊ စနစ်တစ်ကျ မဆောင်ရွက်နေခြင်း၊ တစ်ကိုယ်ကောင်းဆန်တတ်ခြင်းကြောင့် မြေကွက်ပေါင်း(၈၀)
  ကျော်၊အိမ်ခြေ (၈ဝ)ကျော် မှာ မတရားခံရ၍ အမှန်တရားပျောက်ဆုံးကာ နစ်နာမှုများဖြစ်ပေါ်နေသည့်
  အပြင် နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် မြိတ်ဒေသ၏ မြို့ပြမြေပုံ မှားယွင်းနိုင်ခြင်း ၊ လက်ရှိဖြစ်ပေါ်နေ
  သော မြေပြင်အနေအထားနှင့် မြေပုံပါအချက်အလက်မမှန်ကန်ခြင်း၊ ရပ်ကွက်နေပြည်သူများ ဆူပူအုံကြွ
  လာနိုင်ခြင်းများကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာအနှောင့် အယှက်ဖြစ်ပေါ်လာနိုင်ပြီး
  နောက်ဆက်တွဲဆိုးကျိုး များဖြစ်လာနိုင်သဖြင့် ရွှေပြည်တန်ရပ်ကွက်အတွင်း မြေဂရမ်ချပေးနေခြင်းအား
  အမြန်ဆုံးတားဆီးပေး၍ ယခင်အတိုင်း(ဝ.ဝ၂၈)ဧက မြေဧရိယာအဖြစ်ပြန်လည်တိုင်းတာပေးပါရန်နှင့်
  အရည်အချင်း ပြည့်ဝသော မြေတိုင်းအရာရှိများအား နေရာချထားပေးပါရန် တာဝန်သိပြည်သူတစ်-
  ယောက်အနေဖြင့်၊ မြေဧရိယာ ဆုံးရှုံးနစ်နာသူ တစ်ယောက်အနေဖြစ်
  အသိပေးအကြောင်းအကြားတင်ပြအပ်ပါသည်။

0 comments:

Post a Comment