Thursday, October 29, 2015

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကျောင်းကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်




မင်းဘူး    အောက်တိုဘာ      ၂၈
          မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ် ပညာရေးမှူးရုံး၏ ဦးဆောင်မှု၊မင်းဘူးမြို့နယ် ကြက်ခြေနီအသင်းမှ ကြီးကြပ်၍ ကျောင်းကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်ပွဲကို အောက်တိုဘာလ (၂၈)ရက်နေ့ နံနက်(၉)နာရီက ရွာသာယာကျေးရွာ အ.ထ.ကကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
          ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ဒု-ပညာရေးမှူး ဦးမောင်မောင်သိန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ဘေးဒုက္ခရောက်နေသူများကို လူမျိုး/ဘာသာမရွေး ကူညီစောင့်ရှောက်နိုင်ရန်၊အခြေခံ ရှေးဦးပြုစုခြင်းကို ကျွမ်းကျင်စွာတတ်မြောက်စေရန်နှင့် အခြေခံစစ်ရေးပြ(လက်နက်မဲ့)ဘာသာရပ်များကို တတ်မြောက် စေရန်အတွက် ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး မြို့နယ် ကြက်ခြေနီအသင်း မှ တပ်ဖွဲ့မှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ကာ ဖွင့်ပွဲအခမ်းအနား အားရုပ်သိမ်း၍ သင်တန်းအား စတင်ဖွင့်လှစ် သင်ကြားပို့ချပေးခဲ့သည်။
          အဆိုပါသင်တန်းသို့ မင်းဘူးမြို့နယ် ရွာသာယာကျေးရွာ အ.ထ.ကကျောင်းမှ ကင်းထောက်လူငယ် (၁၃၅)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ အောက်တိုဘာလ(၂၇)ရက်နေ့မှ နိုဝင်ဘာလ (၁)ရက်နေ့အထိ (၆)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment