Monday, October 26, 2015

ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ် စုရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့်တွေ့ဆုံ


တောင်တွင်းကြီး          အောက်တိုဘာ                    ၂၆
ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်မကွေးတိုင်းဒေသကြီးတာဝန်ခံဦးမြင့်နိုင်သည်တာဝန်ရှိသူများလိုက်ပါလျှက်တောင်တွင်းကြီးမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စုရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့်အတွင်း
ရေးမှူးများစုစုပေါင်း(၁၈၀)ဦးတိုးနှင့်တွေ့ဆုံပွဲကိုအောက်တိုဘာ ၂၆ ရက်နံနက်၁၀နာရီခွဲကမြို့နယ်အထွေထွေအုပ်ချူ ပ်ရေးဦးစီးဌာနရုံးခန်းမ၌ကျင်း
ပသည်။
              တွေ့ဆုံပွဲတွင်ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်
ဦးမြင်နိုင်ကအမှာစကားပြေားကြားခဲ့ပြီးမြို့နယ်ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
ဥက္ကဌဦးကျော်သာကရွှေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြခြင်းမကွေးခရိုင်ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌမှတောင်တွင်းကြီးမြို့နယ်ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင်ပတ်သတ်၍ဆွေးနွေးတင်ပြခြင်းမကွေးတိုင်းဒေသကြီးရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ
မှလိုအပ်သည်များကိုရှင်းလင်းဆွေးနွေးခဲ့ပြီးရပ်ကွက်/ကျေးရွာအုပ်စုရွှေး
ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌများ၏သိရှိလိုသည့်မေးမြန်းချက်များကိုပြည်
ထောင်စုရွှေးကောက်ပွဲကော်မရှင်အဖွဲဝင်ဦးမြင်နိုင်ကပြန်လည်ရှင်းလင်းဖြေ
ကြားခဲ့ကြောင်းသိရသည်။
  နိုင်ဝင်း

0 comments:

Post a Comment