Monday, October 12, 2015

နတ်​​မောက်​မြို့နယ်​မဲရုံမှူး၊ ဒု_မဲရုံမှူးနှင့်​ရပ်​ကွက်​/​ကျေးရွာအုပ်​စု​ကော်​မရှင်​အဖွဲ့ခွဲဥက္ကဌ၊အတွင်း​ရေးမှူးများသင်​တန်းဖွင့်​ပွဲကျင်းပ


နတ်​​မောက်​            ​အောက်​တိုဘာ ၁၂

၂၀၁၅_ခုနှစ်​နိုဝင်​ဘာ၈ရက်​​နေ့တွင်​ကျင်းပမည့်​အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲအတွက်​မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​မဲရုံမှူး၊ဒု_မဲရုံမှူးနှင့်​ရပ်​ကွက်​/​ကျေးရွာအုပ်​စု​ကော်​မရှင်​အဖွဲ့ခွဲဥက္ကဌ၊အတွင်း​ရေးမှူးများသင်​တန်းဖွင့်​ပွဲကို​အောက်​တိုဘာ၁၂ရက်​နံနက်​၈နာရီအချိန်​ကအမှတ်​(၁)အ​ခြေခံပညာအထက်​တန်း​ကျောင်းခန်းမ၌ကျင်းပသည်​။
အခမ်းအနားတွင်​မြို့နယ်​အုပ်​ချုပ်​​ရေးမှူးဦး​ဌေး​အောင်​မှအဖွင့်​အမှာစကား​ပြောကြားပြီးနတ်​​မောက်​မြို့နယ်​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​အဖွဲ့ခွဲဥက္ကဌဦးညိုကြီးမှမဲရုံမှူးနှင့်​မဲရုံအဖွဲ့ဝင်​များလိုက်​နာရန်​တာဝန်​ဝတ္တရားများ၊မဲ​ပေးခြင်းလုပ်​ငန်းအဆင့်​ဆင့်​၊ခိုင်​လုံမဲ၊ပယ်​မဲပုံစံများစသည့်​ကိစ္စရပ်​များကိုအကျယ်​တဝန့်​ရှင်းလင်း​ပြောကြားခဲ့သည်​။ထို့​နောက်​သင်​တန်းကာလမှာ​အောက်​တိုဘာ၁၂ရက်​နှင့်​၁၃ရက်​​နေ့များဖြစ်​ပြီးနတ်​​မောက်​မြို့နယ်​တိုင်း​ဒေသကြီးလွှတ်​​တော်​နယ်​​မြေ(၁)နှင့်​(၂)ခွဲခြားထားပြီးယခုသင်​တန်းကာလနယ်​​မြေ(၁)သင်​တန်းသား/သင်​တန်းသူ(၃၉၀)ဦးတက်​​ရောက်​ခဲ့ရာနတ်​​မောက်​မြို့အ.ထ.က(၁)နှင့်​အ.ထ.က(၂)တွင်​ခွဲခြား၍ပညာ​ပေးသင်​တန်းပို့ချ​ဆောင်​ရွက်​သူ(၅)ဦးမှအလှည့်​ကျသင်​တန်းပို့ချခဲ့​ကြောင်းသိရသည်​။    လှဝင်း(iprd)

0 comments:

Post a Comment