Monday, October 26, 2015

နတ်​​မောက်​မြို့၌​ရွေး​ကောက်​ ပွဲမဲ​ပေးပုံစနစ်​သင်​တန်းဖွင့်​ပွဲကျင်းပ


နတ်​​မောက်​            ​အောက်​တိုဘာ၂၆

မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​ရှိအစိုးရရုံးဌာနများမှဝန်​ထမ်းများအား​ရွေး​ကောက်​ပွဲမဲ​ပေးပုံစနစ်​သင်​တန်းဖွင့်​ပွဲကို​အောက်​တိုဘာ၂၄ရက်​နံနက်​၈နာရီခွဲကမြို့နယ်​ပြည်​သူ့ခန်းမတွင်​ကျင်းပသည်​။
အဆိုပါသင်​တန်းဖွင့်​ပွဲတွင်​မြို့နယ်​အုပ်​ချုပ်​​ရေးမှူးဦး​ဌေး​အောင်​မှနတ်​​မောက်​မြို့နယ်​ရှိတိုင်း​ဒေသကြီးလွှတ်​​တော်​နယ်​​မြေ(၁)နှင့်​တိုင်း​ဒေသကြီးလွှတ်​​တော်​နယ်​​မြေ(၂)ခွဲခြားခြင်း၊အမျိုသားလွှတ်​​တော်​၊ပြည်​သူ့လွှတ်​​တော်​နှင့်​တိုင်း​ဒေသကြီးလွှတ်​​တော်​ရှိခြင်း၊နတ်​​မောက်​မြို့နယ်​တွင်​လုံခြုံ​ရေးနဲ့စီမံခန့်​ခွဲမှု​ကော်​မတီများဖွဲ့စည်းထားခြင်း၊နတ်​​မောက်​မြို့နယ်​တွင်​မဲ​ပေးနိုင်​တဲ့လူဦး​ရေ(၁၇၀၂၁၂)ဦးနှင့်​မဲရုံ​ပေါင်း(၂၈၂)ရုံရှိ​ကြောင်းကိုရှင်းလင်း​ပြောကြားခဲ့သည်​။ထို့​နောက်​သင်​တန်းကာလမှ၂ရက်​ဖြစ်​ပြီသင်​တန်းဆရာ၎ဦးမှမဲဆန္ဒနယ်​​မြေခွဲ​ဝေပုံစနစ်​၊မဲ​ပေးပုံစနစ်​၊ကြိုတင်​မဲ၊ခိုင်​လုံမဲ၊ပယ်​မဲအ​ကြောင်းများ၊မဲရုံအခင်းအကျင်းပုံစံ၊မဲရလဒ်​​ကြေညာထုတ်​ပြန်​ခြင်းနှင့်​ဝင်​​ရောက်​ယှဉ်​ပြိုင်​အ​ရွေးခံမည့်​ကိုယ်​စားလှယ်​​လောင်းကိုယ်​​ရေးအချက်​အလက်​နှင့်​အ​ရွေးခံပါတီများအ​ကြောင်းကိုရှင်းလင်းပို့ချခဲ့ရာသင်​တန်းသား/သူ(၂၆၇)ဦးတက်​​ရောက်​ကြ​ကြောင်းသိရသည်​။                  လှဝင်း(iprd)

0 comments:

Post a Comment