This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, October 31, 2015

မကွေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးလှည့်လည်ပွဲ

Eleven Media Group added 9 new photos.မှ ကူးယူဖော်ပြသည်။
4 hrs ·
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးလှည့်လည်ပွဲကို မကွေးမြို့တွင်း အဓိကလမ်းမများတွင် အောက်တိုဘာ ၃၁ ရက် နံနက် ၁၀ နာရီက စတင်လှည့်လည်လျက်ရှိကြောင်း သိရသည်။
ယင်းလှည့်လည်ပွဲတွင် ဒါရိုက်တာ ရီဇော်၊ သရုပ်ဆောင် ဒေါင်း၊ နေယံနှင့် ၀င့်ယမုံလှိုင်တို့ လာရောက်အားဖြည့်လျက်ရှိပြီး မြို့ခံပြည်သူ ထောင်နှင့်ချီ လိုက်ပါဝန်းရံလျက်ရှိသည်။
(ဓာတ်ပုံ- အောင်သူငြိမ်း)
Like

မင်းဘူး စကုမြို့နယ်ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးဆိုင်းဘုတ်ဖွင့်ပွဲ

Kaung Khant Mhuue and 3 others shared စပယ် မင်း's post. မှ ကူးယူဖော်ပြသည်။
စပယ် မင်း added 13 new photos — with U Tint Lwin and 3 others.
မင်းဘူး စကုမြို့နယ်ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးဆိုင်းဘုတ်ဖွင့်ပွဲ စကုမြို့အခမ်းအနားနှင့်အမျိုးသားနိုင်ငံရေမဟာမိတ်ပါတီမှ ပြည်ခိုင်ဖြိုးပါတီမူဝါဒနှင့်ဆောင်ရွက်မှု့များသက်ဝင်ယုံကြည်မှု့ကြောင့် အမျိုး သားနိုင်ငံရေးမဟာမိတ်ပါတီမှနူတ်ထွက်ပြီးပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက်လာသောပါတီဝင်များအားကြိုဆိုခြင်းအခမ်းအနားအားမကွေးတိုင်းပါတီဥက္ကဌမှတက်ရောက်ြပီးနံသာရေပက်ဖြန်းဖွင့်လှစ်ခဲ့ပါတယ်ျ
 
စပယ် မင်း's photo.
စပယ် မင်း's photo.
စပယ် မင်း's photo.
စပယ် မင်း's photo.
စပယ် မင်း's photo.
+

လူကြိုက်အများဆုံးနိုင်ငံရေးပါတီ အွန်လိုင်းစစ်တမ်းတွင် ဒီချုပ်ဦးဆောင်

http://www.7daydaily.com/story/49880

 ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ အား ကောက်ခံခဲ့သည့် နိုင်ငံရေး ပါတီများ လူကြိုက်များမှု အွန် လိုင်းစစ်တမ်းတစ်ရပ်တွင် အင်န် အယ်လ်ဒီပါတီသည် အားပေး ထောက်ခံသူ တစ်သိန်းသုံး သောင်းကျော်ဖြင့် ရာခိုင်နှုန်းအများဆုံး ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၂၂ ရက်မှ ၃၀ ရက်အထိ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ ကြိုက်နှစ်သက်သည့် ပါတီအလံအား Profile Picture ပြုလုပ်မှုများကို ကောက်ယူခဲ့ ခြင်း ဖြစ်ပြီး ရက်သတ္တပတ်အတွင်း အသုံးပြုသူတစ်သိန်းခွဲခန့်ကို အခြေခံကောက်ယူ၍ စစ်တမ်းထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
 ၁၃၀,၈၃၅ ဦးက ဒီချုပ်၏အလံကို ပရိုဖိုင်ပုံပြောင်းလဲခဲ့၍ စစ်တမ်း၏ ၉၃ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ခြင်းဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီက ၄,၀၀၆ ဦးဖြင့် စစ်တမ်း၏ ၂ ဒသမ ၉  ရာခိုင်နှုန်းရရှိပြီး ဒုတိယနေရာ၊ ရခိုင်အမျိုးသားပါတီ (ANP) က ၂,၆၅၃ ဦးဖြင့် တတိယနေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ် (SNLD) က ၇၆၉ ဦးဖြင့် စတုတ္ထနေရာ အသီးသီး ရပ်တည်ခဲ့သည်။
ယင်းတို့၏ နောက်တွင် ဒီမို ကရက်တစ်ပါတီ၊ အမျိုးသားဒီမို ကရေစီအင်အားစုပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုက ရက်တစ်ပါတီတို့က အစဉ်လိုက် ရပ်တည်ခဲ့သည်။ စစ်တမ်းကို ချာ ပါတီအမည်ဖြင့် အွန်လိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးပါတီ ၉၁ ပါတီအနက် ၁၂ ပါတီ၏ အလံများထားရှိပေးကာ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ၏ ပရိုဖိုင်ကို မိမိတို့ အားပေးသည့် ပါတီ၏ အလံပုံဖြင့် ပြောင်းလဲစေခြင်းဖြစ်သည်။

ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့် ဝန်ထမ်းက ဝန်ထမ်းလိုမနေပဲ ပြည်ခိုင်ဖြိုး အတွက် စည်းရုံးရေးဆင်းနေတာ ဥပဒေနဲ့ ညီညွတ်ရဲ့လား

Nay Myo Kyaw and 2 others shared Ba La Min Htin's post. မှ ကူးယူဖော်ပြသည်။
Ba La Min Htin added 2 new photos — with တင်ရွှေ မင်းဘူး and 38 others.
ပြည်ခိုင်းဖြိုး စည်းရုံးရေးကားနားမှာ
စာရွက်တရွက်ဖြင့်အလုပ်ရှုပ်နေသော
ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်
ဝန်ထမ်းက ဝန်ထမ်းလိုမနေပဲ
ပြည်ခိုင်ဖြိုး အတွက် စည်းရုံးရေးဆင်းနေတာ
ဥပဒေနဲ့ ညီညွတ်ရဲ့လား

မနက်ဖန်၁၊၁၁၊၂၀၁၅ရက်နေ့၊မင်းဘူးမြို့မှာပြည်သူချစ်တဲ့အနုပညာရှင်များကNLDအောင်နိုင်ရေး

မနက်ဖန်၁၊၁၁၊၂၀၁၅ရက်နေ့၊မင်းဘူးမြို့မှာပြည်သူချစ်တဲ့အနုပညာရှင်များကNLDအောင်နိုင်ရေး
အတွက်ဂီတဖျော်ဖြေပွဲကိုပြည်သူတွေနဲ့အတူပျော်ရွှင်စွာဆင်နွှဲကြမှာဖြစ်ပါတယ်။မင်းဘူးသား
ကိုဇော်သက်ထွေးလည်းသူချစ်တဲ့မင်းဘူးနယ်အောင်နိုင်ရေးအတွက်ပူးပေါင်းပါဝင်ဖို့ရောက်နေပါပြီ။

မှတ်ပုံတင်ကဒ်ရှိရင်မဲစာရင်းမှာမပါရင်လည်း အိမ်ထောင်စုစာရင်းနဲ့ မှတ် င်္မဲပေးလို့ရပါတယ်... အားလုံးသိထားသင့်တယ်..

Jack Gyi shared Tam Kee's post. မှ ကူးယူဖော်ပြသည်။
Tam Kee
မှတ်ပုံတင်ကဒ်ရှိရင်မဲစာရင်းမှာမပါရင်လည်း အိမ်ထောင်စုစာရင်းနဲ့
မှတ် င်္မဲပေးလို့ရပါတယ်...
အားလုံးသိထားသင့်တယ်..
ရှယ်ထားပေးလိုက်ကြပါ...။
Like   Comment  

NLD ဝန်းရံသူများ အနေဖြင့် နီးစပ်ရာကို အတတ်နိုင်ဆုံးသတိပေးရတော့မဲ့ အရေးကြီးဆုံးအလုပ် ဖြစ်ပါတယ်

ဖိုး လရောင် to လှုပ်လှုပ်ရှားရှား မန္တလေးသတင်းများ မှ ကူးယူဖော်ပြသည်။
3 hrs ·
ကျွန်တော်တို့ 
NLD ဝန်းရံသူများ အနေဖြင့်
နီးစပ်ရာကို အတတ်နိုင်ဆုံးသတိပေးရတော့မဲ့
အရေးကြီးဆုံးအလုပ် ဖြစ်ပါတယ်
အံ့သြစရာ မရှိတော့လောက်အောင် ကို
အံ့သြမိပါတယ်
ခွပ်ဒေါင်း ကြယ် ဝါ တဲ့ ဗျာ
တိုင်းပြည်နဲ့ ချီတဲ့ အလုပ် ကို ဘာ့ကြောင့်ဒီလိုဖြစ်တာလည်း
ထားလိုက်တော့
ဘာပဲ ဖြစ်ဖြစ် ခွပ်ဒေါင်းကြယ်ဝါ ဖြစ်သွားပြီ
သတိပေးကြ ပါ အရမ်း အရေးကြီး ပါတယ်

ပါတီကိုထောက်ခံကြသူများ အားမလိုအားရ ဖြစ်နေကြတယ်ဆိုလို့

Ko Dee added 7 new photos.မှ ကူးယူဖော်ပြသည်။
2 hrs ·

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

(2-11-2015)ရက်နေ့မှာမကွေးမြို့အောင်နိုင်ရေးအတွက်ထွန်းအိန္ဒြာဗိုလ်တို့ ရုပ်ရှင်မင်းသမီးမင်းသားအဖွဲ့လာရောက်ဖျော်ဖြေကြမှာ

Soe Moe Nld added 2 new photos. မှ ကူးယူဖော်ပြသည်။
2 hrs · Edited ·
ဒီနေ့တော့ဒါရိုက်တာ မကြည်ဖြူသျှင်နဲ့ဖုန်းရပါတယ်(2-11-2015)ရက်နေ့မှာမကွေးမြို့အောင်နိုင်ရေးအတွက်ထွန်းအိန္ဒြာဗိုလ်တို့
ရုပ်ရှင်မင်းသမီးမင်းသားအဖွဲ့လာရောက်ဖျော်ဖြေကြမှာပါကြောင်းအားလုံးသောဒီမိုချစ်သူများကိုအသိပေး
အပ်ပါတယ်။အစက (31-10-2015)မှာပြုလုပ်မယ်ဆိုပေမယ်ရက်ပြောင်းသွားပါတယ်။
၃၁ ရက်နေ့မှာမြို့ပေါ်ကိုအခြားအနုပညာရှင်တွေတော့လှည်လည်ဖျော်ဖြေဖြစ်ပါတယ်။

ပခုက္ကူမြို့ပေါ်တွင် ညဥ့်အချိန် ပိုက်ဆံ၊ ဆင်းကဒ်နှင့် ဟန်းဆက်များ လုယူသွားသူ နှစ်ဦးကို အရေးယူ




ပခုက္ကူ     အောက်တိုဘာ     ၃၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၁၂) ရပ်ကွက်နေ ဦးဇော်သူလတ်(၄၁)နှစ် သည် အောက်တိုဘာ ၂၆ ရက်နေ့ ည ၁၁း၂၀ နာရီအချိန်ခန့်က ဆိုင်ကယ်အမှတ် ၄ယ/xxxx ရင်ဇင်း ၁၁၀ အစိမ်းရောင် ဆိုင်ကယ်ဖြင့် ပခုက္ကူမြို့၊ မြို့ရှောင်လမ်းအတိုင်း မြို့ပြင်မှနေအိမ်သို့ ပြန်လာစဉ် အမှတ်(၁၅)ရပ်ကွက်၊ မိုက္ကရိုဝေ့မြောက်ဘက်၊ သူကြီးတောင် ဘုန်းကြီးကျောင်းအနီး အရောက် လမ်းဘေးတွင် ဆိုင်ကယ်ရပ်၍ အပေါ့သွားကာ ဖုန်းပြောနေစဉ် နောက်ကျောဘက် အမှောင်ရိပ်အတွင်းမှ အမည်မသိအမျိုးသား (၂)ဦး ရောက်လာပြီး တစ်ဦးမှ လည်ပင်းအား သိုင်းဖက် ချုပ်၍ ကျန်တစ်ဦးမှ ဓါးဟုယူဆရသောအရာနှင့် နံဘေးအားထောက်ကာ ဦးဇော်သူလတ်၏ အင်္ကျီအိတ်ကပ် အတွင်းမှ ငွေစက္ကူရောရာ ၂၅၀၀၀ိ/-နှင့် ၀၉-xxxxxxxx နံပါတ်ပါ ဆင်းကဒ်နှင့် စာချုပ်တစ်ခု၊ ၀၉-xxxxxxxx နံပါတ်ပါ စာချုပ်တစ်ခု တို့အား နှိုက်ယူ၍ ခါးကြားတွင် ထိုးထားသည့် ၀၉-xxxxxxxx နံပါတ်ပါ HAIEN အမျိုးအစား ချောကလက်ရောင် လက်ကိုင်ဖုန်း(၁)လုံးနှင့် လက်ထဲတွင် ကိုင်ထားသည့် ၀၉-xxxxxxxx နံပါတ်ပါ I Phone 5 အမျိုးအစား ငွေရောင် လက်ကိုင်ဖုန်း (၁)လုံးတို့အား လုယူပြီး ဦးဇော်သူလတ်စီးလာသည့် သားရေဖိနပ်ကိုပါ ယူ၍ နှစ်ဦးလုံးမှာ ဘုန်းကြီးကျောင်းသွားသည့် လမ်းအတိုင်း ထွက်ပြေးသွားခဲ့သဖြင့် ဖြစ်စဉ်အား ဆွေမျိုးများနှင့် ညှိနှိုင်းတိုင်ပင်ပြီး စုံစမ်းရှာဖွေခဲ့ရာ ထူးခြားမှုမရှိ၍ ယနေ့မှ ရဲစခန်းသို့ လာရောက် တိုင်တန်းသဖြင့် ပခုက္ကူမြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့များမှ လိုက်လံစုံစမ်းရာ လုယူထွက်ပြေးသွားသူ များမှာ ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ဆင်ပေါက်လှရပ်နေ ယဉ်မင်းထွေး(ခ) ဖိုးသား (၂၉)နှစ် နှင့် ဝေဖြိုးကျော် (၂၀)နှစ် တို့ (၂)ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ယဉ်မင်းထွေး (ခ) ဖိုးသားနှင့် ဝေဖြိုးကျော် တို့အားအရေးယူပေးပါရန် ၃၀.၁၀.၂၀၁၅ ရက်နေ့တွင် ဦးဇော်သူလတ်မှ တရားလိုပြုလုပ် တိုင်တန်း၍ ပခုက္ကူ မြို့နယ်၊ မြို့မရဲစခန်း (ပ)၄၁၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၉၂/၁၁၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိသည်။
မောင်ညီညာ(မြေလတ်)

Friday, October 30, 2015

သရက်မြို့ နယ်အောင်နိုင်ရေး မြို့ ပေါ်ရက်ကွက်များသို့ လှည့်လည်

Aung Gyi Thayet added 22 new photos.မှ ကူးယူဖော်ပြသည်။
55 mins ·
ဒီနေ့ ၃၁/၁၀/၂၀၁၅ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
သရက်မြို့ နယ်အောင်နိုင်ရေး
မြို့ ပေါ်ရက်ကွက်များသို့ လှည့်လည်

ဒါ နိုင်ငံပိုင်သတင်းစာရဲ့ သတင်းရေးဟန်တဲ့လား၊ ဒီသတင်းကို ပြန်ကြားရေးဝန်ကြီးကိုယ်တိုင် ရှယ်ထားတယ်ဆိုတော့

ဒါ နိုင်ငံပိုင်သတင်းစာရဲ့ သတင်းရေးဟန်တဲ့လား၊ ဒီသတင်းကို ပြန်ကြားရေးဝန်ကြီးကိုယ်တိုင်
ရှယ်ထားတယ်ဆိုတော့ ဝန်ကြီးကိုယ်တိုင်လည်း သတင်းစာကျင့်ဝတ်ကို ဖောက်ဖျက်နေပြီလို့ပဲ ပြောရတော့မှာပါပဲ....(ဟာဂျူလီ-ကသာ)
**************
ဒီသတင်းသာ ဆိုရှယ်မီဒီယာလိုနေရာမျိုး(သို့မဟုတ်) ပြင်ပစာစောင်တစ်ခုခုမှာ ပါလာရင်
ပြောစရာ မရှိလှပေမယ့် နိုင်ငံပိုင်သတင်းစာမှာဖော်ပြပြီး ပြန်ကြားရေးဝန်ကြီးကိုယ်တိုင် ရှယ်ယူ လက်ခံထားတဲ့အတွက် အခုလို သတင်းဝေဖန်မှု ပြုလိုက်ရခြင်းပဲ ဖြစ်ပါတယ်ခင်ဗျား..၊
သတင်းခေါင်းစဉ်ထဲ ပါတဲ့စာသားက.....
🔜 ကွမ်းယာဝယ်ယူသည့်ကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ NLD ပါတီဝင် သုံးဦး တုတ်၊ ဓားများဖြင့် ရန်ပြုခံရ🔚.... တဲ့၊
' ကွမ်းယာဝယ်ယူသည့်ကိစ္စဖြင့် '..ဆိုခြင်းကြောင့် ဓားခုတ်ခံရမှုဟာ အလွန်သေးသိမ်သွားခဲ့ပါတယ်၊ ဒီရေးသားနည်း မှန်ကန်တယ်ဆိုရင်.....ကျွန်တော် တစ်ခု ထောက်ပြပါမယ်၊
(၁) ကြံ့ခိုင်ရေးက ဝန်ကြီးတစ်ယောက် ရပ်ကွက်ထဲ လမ်းလျှောက်ရင်း မဲဆွယ်လာတယ် ဆိုကြပါစို့...၊ အရက်ဝယ်ထွက်လာတဲ့ မူးကြောင်ကြောင်အရက်သမား တစ်ယောက်ယောက်က
ဝန်ကြီးကို ပုခုံးစောင်းတိုက်ပြီး ထိုးကြိတ်ကြမယ်ဆိုကြပါစို့....
🔜 အရက်ဝယ်ယူသည့်ကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ ကြံ့ခိုင်ရေးဝန်ကြီး ရန်ပြုခံရ🔚.လို့ သတင်းစာမှာ ခေါင်းစဉ်တပ်မှာပါလားခင်ဗျာ..၊
---------------
(၂) မာမီကွမ်းယာဆိုင်၌ ကွမ်းယာ ၀ယ်ယူစဉ် (၈)ရပ်ကွက် NLD အတွင်းရေးမှူး ဦးအောင်ကျော်ကျော်နှင့် စကားများခဲ့ ကြကြောင်း၊ ထို့နောက် ထိုးကြိတ်မှုဖြစ်ပွားပြီး ဇော်လတ်က နေအိမ်ရှိ အရှည်နှစ်ပေခွဲ ခန့်ရှိဓားယူ၍ ကွမ်းယာဆိုင်သို့ ပြန်လာခဲ့ပြီး ဦးအောင်ကျော်ကျော်ကို မတွေ့ရဘဲ (၉) လမ်းထိပ်ဘက်တွင် NLD ပါတီစည်းရုံးရေးကားနှင့် လူအုပ်ကြီးကို တွေ့သဖြင့် ဓားဖြင့်တိုက်ခိုက် ခဲ့ကြောင်း၊ ဇော်လတ်၏ ဘက်မှ ထက်အောင်လှိုင် (ခ) ထက်ကို နှင့် မျိုးမင်းခိုင်တို့ကလည်း တုတ်များဖြင့် အဆိုပါလူအုပ်အား ၀င်ရောက်ရိုက်နှက်ခဲ့ ကြောင်း သိရှိရသည်။ ..လို့ ရေးသားသလို..
ကြံ့ခိုင်ရေးဝန်ကြီးသာ ဖြစ်နေခဲ့ရင်....
'ထို့နောက် ထိုးကြိတ်မှုဖြစ်ပွားပြီး ××××က နေအိမ်ရှိ အရှည်နှစ်ပေခွဲ ခန့်ရှိဓားယူ၍
ကွမ်းယာဆိုင်သို့ ပြန်လာခဲ့ပြီး ကြံ့ခိုင်ရေးဝန်ကြီးကို မတွေ့ရဘဲ ×× လမ်းထိပ်ဘက်တွင် ကြံ့ခိုင်ရေးပါတီစည်းရုံးရေးကားနှင့် လူအုပ်ကြီးကို တွေ့သဖြင့် ဓားဖြင့်တိုက်ခိုက် ခဲ့ကြောင်း၊ ×××× ၏ ဘက်မှ ××××× နှင့် ×××တို့ကလည်း တုတ်များဖြင့် အဆိုပါလူအုပ်အား ၀င်ရောက်ရိုက်နှက်ခဲ့ ကြောင်း သိရှိရသည်။' လို့ ရေးသားမှာပါလား ခင်ဗျာ..၊
-----------
(၃) ယခုဖြစ်စဉ်သည် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်း၏ ရန်ဖြစ်ပွားမှုသာဖြစ်ပြီး ပါတီစည်းရုံးရေးကိစ္စ ဆောင်ရွက်နေ မှုနှင့် သက်ဆိုင်မှု မရှိကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရသည်။ ....သတင်းစာမှာ ရေးသားသလို
ကြံ့ခိုင်ရေးဝန်ကြီး(ဒါမှမဟုတ်)ကြံ့ခိုင်ရေး ပါတီသာ ဖြစ်နေရင်ရော အဲဒီလိုပဲ..' ယခုဖြစ်စဉ်သည် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်း၏ ရန်ဖြစ်ပွားမှုသာဖြစ်ပြီး ပါတီစည်းရုံးရေးကိစ္စ ဆောင်ရွက်နေ မှုနှင့် သက်ဆိုင်မှု မရှိကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရသည်။ '' လို့ ရေးမှာပါလားခင်ဗျာ..၊
(၄) နောက်ဆုံးတစ်ခုပြောချင်တာက..ဒီသတင်းဟာ လူထုအများအပြား ထောက်ခံနေတဲ့ နိုင်ငံရေးပါတီတစ်ခုရဲ့ ဂုဏ်သိက္ခာနဲ့လည်း သက်ဆိုင်နေပါတယ်၊
🔜 ကွမ်းယာဝယ်ယူသည့်ကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ NLD ပါတီဝင် သုံးဦး တုတ်၊ ဓားများဖြင့် ရန်ပြုခံရ🔚.. လို့  မဟုတ်မမှန် ရေးသားမှုဟာ လူထုအများအပြား ထောက်ခံနေတဲ့ နိုင်ငံရေးပါတီတစ်ခုရဲ့ ဂုဏ်သိက္ခာကို အနည်းနဲ့အများ ထိပါးသွားစေခဲ့ပါတယ်၊
ဒီနေရာမှာ မဟုတ်မမှန်လို့ ကျွန်တော်သုံးနှုန်းလိုက်တာဟာ အရမ်းကာရော စွတ်စွဲချက် မဟုတ်ပါဘူး၊ဒီအမှုမှာ ပြန်ကြားရေးထက် ပိုပြီး နီးကပ်စွာ တိတိပပသိရှိတဲ့ Yangon Policeရဲ့ရေးသားချက်ဖြစ်တဲ့.
.🔜မာန်ပြေ(၈)လမ်းထိပ်
အရောက်တွင် စည်းရုံးရေးအဖွဲ့မှ တာဝန်ခံတစ်ဦး ကွမ်းယာဆိုင်သို့ ရေ၀င်
သောက်စဉ် ဇော်လတ် ဆိုသူနှင့်စကားများပြီး ဇော်လတ်မှ လက်သီးဖြင့်ထိုးပြီး
ခုံဖြင့်ရိုက်ခဲ့ကြောင်း၊ ဇော်လတ်မှ နေအိမ်သို့ ပြန်သွားကာ ငှက်ကြီးတောင်ဓါး
အားကိုင်ဆောင်၍လည်းကောင်း၊ ထက်ကို(ခ)ထက်အောင်လှိုင်နှင့် မျိုးမင်းခိုင်
တို့(၂)ဦးက တုတ်များကိုင်ဆောင်၍လည်းကောင်း မဲဆွယ်စည်းရုံးရေးအဖွဲ့ရှိရာ
မာန်ပြေ(၉)လမ်းထိပ်သို့ လိုက်ပါလာပြီး ဆဲဆိုကာ မဲဆွယ်စည်းရုံးသည့်
အဖွဲ့သားများအား ဓါးဖြင့်ခုတ်၊ တုတ်ဖြင့်ရိုက်ခဲ့၍ ရန်ကုန်တိုင်း ဒေသကြီး
လွှတ်တော် မဲဆန္ဒနယ်(၁)မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း
ဖြစ်သူ ဦးနိုင်ငံလင်း၊ ရပ်/ကျေးအလုပ်အမှုဆောင် ဦးကျော်သူနှင့် တိုင်းဒေသ
ကြီးလွှတ်တော်မဲဆန္ဒနယ်(၂)မှ လွှတ်တော်ကိုယ်စား လှယ်လောင်း၏
ကိုယ်စားလှယ်ဖြစ်သူ ဒေါ်သန္တာမော်တို့တွင် ဒဏ်ရာများရရှိခဲ့ကြကြောင်း၊
ယင်းသို့ကျူးလွန်သူများကို အရေးယူပေးရန် သာကေတမြို့နယ်၊ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဒေါ်ချိုချိုမှ
တိုင်တန်းခဲ့သဖြင့် သာကေတမြို့မရဲစခန်း(ပ)၆၀၉/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၂၆/
၃၂၃/၂၉၄/ ၁၁၄ ဖြင့် ....🔚 ဆိုပြီးရေဝင်သောက်ရာမှ ရန်စဖြစ်တယ် လို့ ရေးသားထားလို့ဖြစ်ပါတယ်၊ ဒီ လွဲမှားမှုအပေါ် တာဝန်အရှိဆုံး ပြန်ကြားရေးဝန်ကြီးအနေနဲ့ ဘယ်လိုတာဝန်ယူ တာဝန်ခံမှာလဲဆိုတာ သိချင်လှပါတယ်ခင်ဗျာ..၊
ရိုသေမှုဖြင့် ...( ဟာဂျူလီ-ကသာ)
----------ပြန်ကြားရေးဝန်ကြီးကိုယ်တိုင် ရှယ်ယူထားသော သတင်းစာပါ သတင်း------
သာကေတမြို့နယ်၌ ကွမ်းယာဝယ်ယူသည့်ကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ NLD ပါတီဝင် သုံးဦး တုတ်၊ ဓားများဖြင့် ရန်ပြုခံရ၊ ပြစ်မှုကျူးလွန်သူများ အား ချက်ချင်း ဖမ်းဆီးအရေးယူ ထား၊ ပြစ်မှုကျူးလွန်သူများမှာ မည်သည့်ပါတီဝင်မျှ မဟုတ်ကြောင်း သိရှိရ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
ရန်ကုန် အောက်တိုဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မာန်ပြေ (၈) လမ်းထိပ်ရှိ ကွမ်းယာဆိုင်၌ ကွမ်းယာဝယ်ယူရာမှာ စကားများ ရန်ဖြစ်ပြီး အမျိုးသားဒိမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင် သုံးဦး တုတ်၊ ဓားများဖြင့် ရန်ပြုခံရသဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ ပြစ်မှုကျူးလွန်သူများအား ချက်ချင်းဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ သာကေတမြို့နယ် မာန်ပြေ (၃)ရပ်ကွက် မာန်ပြေ(၈)လမ်း ထိပ်တွင် နေထိုင် သည့် ဇော်လတ်သည် အဆိုပါလမ်းထိပ်ရှိ မာမီကွမ်းယာဆိုင်၌ ကွမ်းယာ ၀ယ်ယူစဉ် (၈)ရပ်ကွက် NLD အတွင်းရေးမှူး ဦးအောင်ကျော်ကျော်နှင့် စကားများခဲ့ ကြကြောင်း၊ ထို့နောက် ထိုးကြိတ်မှုဖြစ်ပွားပြီး ဇော်လတ်က နေအိမ်ရှိ အရှည်နှစ်ပေခွဲ ခန့်ရှိဓားယူ၍ ကွမ်းယာဆိုင်သို့ ပြန်လာခဲ့ပြီး ဦးအောင်ကျော်ကျော်ကို မတွေ့ရဘဲ (၉) လမ်းထိပ်ဘက်တွင် NLD ပါတီစည်းရုံးရေးကားနှင့် လူအုပ်ကြီးကို တွေ့သဖြင့် ဓားဖြင့်တိုက်ခိုက် ခဲ့ကြောင်း၊ ဇော်လတ်၏ ဘက်မှ ထက်အောင်လှိုင် (ခ) ထက်ကို နှင့် မျိုးမင်းခိုင်တို့ကလည်း တုတ်များဖြင့် အဆိုပါလူအုပ်အား ၀င်ရောက်ရိုက်နှက်ခဲ့ ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ဓား၊ တုတ်များဖြင့် ရန်ပြုခဲ့မှုကြောင့် NLD ပါတီဝင် ရန်ကုန် တိုင်းဒေသကြီး သာကေတမြို့နယ် မဲဆန္ဒနယ်အမှတ်-၁ မှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း၊ မာန်ပြေ (၃) ရပ်ကွက် NLD ပါတီ အလုပ်အမှုဆောင် ဦးကျော်သူနှင့် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မဲဆန္ဒနယ်အမှတ် - ၂ မှ လွှတ်တော်ကိုယ်စား လှယ်လောင်း ဒေါ် သက်ထားနွယ်ဝင်း၏ ကိုယ်စားလှယ် ဒေါ်သန္တာမော်တို့သုံးဦးမှာ ဒဏ်ရာများရခဲ့သဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ သုံးဦးအား သာကေတမြို့နယ် အမှတ် (၁) မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ချက်ချင်းဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားကြောင်း၊ ပြစ်မှုကျူးလွန်သူ ဇော်လတ်မှာ မည်သည့် ပါတီဝင်မျှ မဟုတ်ဘဲ သာမန် အရပ်သားတစ်ဦးသာဖြစ်ကာ အရက်သေစာသောက်စား ထားသည်ကို တွေ့ရှိရကြောင်း၊ ယခုဖြစ်စဉ်သည် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်း၏ ရန်ဖြစ်ပွားမှုသာဖြစ်ပြီး ပါတီစည်းရုံးရေးကိစ္စ ဆောင်ရွက်နေ မှုနှင့် သက်ဆိုင်မှု မရှိကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရသည်။
လက်ရှိတွင် နိုင်ငံရေးပါတီများမှ ဖျော်ဖြေရေးယာဉ်များ အချင်းချင်းနှင့် ပါတီစည်းရုံးရေး အဖွဲ့များ တစ်ဖွဲ့နှင့်တစ်ဖွဲတွေ့ဆုံပါက ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး တစ်ဦးနှင့် တစ်ဦး လေးစားစွာ ဆက်ဆံကြကာ ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပွားခြင်းမရှိဘဲ ထိန်းထိန်းသိမ်း သိမ်းဖြင့် ရွေးကောက်ပွဲမတိုင်မီ တည်ငြိမ်အေးချမ်းစေရေးနှင့် ရွေးကောက်ပွဲ၏ ပုံရိပ်ကို ထိခိုက်မှုမရှိအောင် ဆက်ဆံဆောင်ရွက်နေသည်ကို တွေ့မြင် သိရှိနေရသည်။
အလားတူ တရားဥပဒေဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ပြစ်မှုဖြစ်ပွား ပါက မည်သည့် ဘက်ကိုမျှ ဘက်လိုက်ခြင်းမပြုဘဲ မျှမျှတတ အရေးယူဆောင် ရွက်ခြင်း ဖြင့် ရွေးကောက်ပွဲ မတိုင်မီ တည်ငြိမ်အေးချမ်းရေး၊ ရွေးကောက်ပွဲကာလတည်ငြိမ် အေး ချမ်းရေးနှင့် ရွေးကောက်ပွဲပြီးတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းသွားမည်ဖြစ် ကြောင်း သိရ သည်။
------------------
-----------------yangon police ၏ရေးသားချက်---------
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမဲဆွယ်စည်းရုံးရာတွင်ပါဝင်သူနှင့် စကားများ
ရန်ဖြစ်ပြီး ပါတီဝင်များအား ဓားဖြင့်ခုတ်၊ တုတ်ဖြင့်ရိုက်ခဲ့သည့် ပြစ်မှုကျူးလွန်သူ
များကို ဖမ်းဆီးရမိ
ရန်ကုန်၊ အောက်တိုဘာ ၃၀
၂၉.၁၀.၂၀၁၅ ရက်နေ့ ၂၁၃၀ အချိန်ခန့်တွင် သာကေတမြို့နယ် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မဲဆွယ် စည်းရုံးရေးဆောင်ရွက်သည့်အဖွဲ့သည်
သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ မာန်ပြေလမ်းနှင့် မာန်ပြေ(၈)လမ်းထိပ်
အရောက်တွင် စည်းရုံးရေးအဖွဲ့မှ တာဝန်ခံတစ်ဦး ကွမ်းယာဆိုင်သို့ ရေ၀င်
သောက်စဉ် ဇော်လတ် ဆိုသူနှင့်စကားများပြီး ဇော်လတ်မှ လက်သီးဖြင့်ထိုးပြီး
ခုံဖြင့်ရိုက်ခဲ့ကြောင်း၊ ဇော်လတ်မှ နေအိမ်သို့ ပြန်သွားကာ ငှက်ကြီးတောင်ဓါး
အားကိုင်ဆောင်၍လည်းကောင်း၊ ထက်ကို(ခ)ထက်အောင်လှိုင်နှင့် မျိုးမင်းခိုင်
တို့(၂)ဦးက တုတ်များကိုင်ဆောင်၍လည်းကောင်း မဲဆွယ်စည်းရုံးရေးအဖွဲ့ရှိရာ
မာန်ပြေ(၉)လမ်းထိပ်သို့ လိုက်ပါလာပြီး ဆဲဆိုကာ မဲဆွယ်စည်းရုံးသည့်
အဖွဲ့သားများအား ဓါးဖြင့်ခုတ်၊ တုတ်ဖြင့်ရိုက်ခဲ့၍ ရန်ကုန်တိုင်း ဒေသကြီး
လွှတ်တော် မဲဆန္ဒနယ်(၁)မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း
ဖြစ်သူ ဦးနိုင်ငံလင်း၊ ရပ်/ကျေးအလုပ်အမှုဆောင် ဦးကျော်သူနှင့် တိုင်းဒေသ
ကြီးလွှတ်တော်မဲဆန္ဒနယ်(၂)မှ လွှတ်တော်ကိုယ်စား လှယ်လောင်း၏
ကိုယ်စားလှယ်ဖြစ်သူ ဒေါ်သန္တာမော်တို့တွင် ဒဏ်ရာများရရှိခဲ့ကြကြောင်း၊
ယင်းသို့ကျူးလွန်သူများကို အရေးယူပေးရန် သာကေတမြို့နယ်၊ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဒေါ်ချိုချိုမှ
တိုင်တန်းခဲ့သဖြင့် သာကေတမြို့မရဲစခန်း(ပ)၆၀၉/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၂၆/
၃၂၃/၂၉၄/ ၁၁၄ ဖြင့် အမှုဖွင့် အရေးယူခဲ့ပါသည်။
ယင်းသို့ဖြစ်ပွားခဲ့သည့်အတွက် ဦးနိုင်ငံလင်းတွင် နဖူးဝဲဘက်နှင့် ၀ဲ/ယာ
လက်နှစ်ဖက်တို့တွင် ပြတ်ရှဒဏ်ရာ များနှင့် ဦးကျော်သူတွင် ယာလက်ဖ၀ါး၌
ပြတ်ရှဒဏ်ရာတို့ရရှိခဲ့သဖြင့် ၎င်းတို့(၂)ဦးမှာ ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် ကုသလျက်ရှိပြီး ဒေါ်သန္တာမော်တွင် ၀ဲလက်မောင်း၌
နာကျင်ဒဏ်ရာရရှိခဲ့သဖြင့် ပြင်ပလူနာအဖြစ် ကုသခဲ့ရပါသည်။
အမှုမှပြစ်မှုကျူးလွန်သူ သာကေတမြို့နယ်နေသူများဖြစ်သည့် ဇော်လတ်၊
(၄၀)နှစ်၊ ထက်ကို(ခ)ထက်အောင်လှိုင်၊ (၂၄)နှစ်နှင့် မင်္ဂလာဒုံမြို့နယ်နေ
မျိုးမင်းခိုင်၊ (၂၆)နှစ်တို့(၃)ဦးအား ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့် အရေးယူဆောင်ရွက်
လျက်ရှိပါသည်။
အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များသည် မော်တော်ယာဉ် များဖြင့် ပါတီစည်းရုံးရေးဆောင်ရွက်ရာမှ
ပြန်လာစဉ် မာန်ပြေလမ်းနှင့် မာန်ပြေ(၈)လမ်းထိပ်အရောက် မဲဆွယ်စည်းရုံး
ရာတွင်ပါရှိသည့် ကိုလှဝင်းနှင့် ကိုမြင့်စိုးတို့မှ ကွမ်းယာဝင်ဝယ်စဉ် ဇော်လတ်
ရောက်ရှိလာပြီး ၎င်းအား ဦးစွာကွမ်းယာထုပ်ပေးရန်ပြောဆိုရာမှ ၎င်းတို့ စကား
များကြကာ စတင်ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ကိုအောင်ကျော်ကျော်မှ
သွားရောက်ဖြန်ဖြေတားဆီးစဉ် ကိုအောင်ကျော်ကျော်ကိုလည်း လက်သီးဖြင့်
ထိုး၍ ခုံဖြင့်ရိုက်ရန်ရွယ်ကာ ဇော်လတ်မှာ ထွက်ခွာသွားကြောင်း၊ ခဏအကြာ
တွင် ဇော်လတ်မှာ ငှက်ကြီးတောင် ဓါးအား ကိုင်ဆောင်၍ ၎င်းနှင့်အတူ
ထက်ကို(ခ)ထက်အောင်လှိုင်နှင့် မျိုးမင်းခိုင်တို့မှ တုတ်များကိုင်ဆောင်ကာ
အခင်းဖြစ်နေရာသို့ရောက်ရှိလာပြီး ဆဲဆိုရန်မူခဲ့ကြသဖြင့် ၀င်ရောက်ဖြန်ဖြေ
ပေးကြသော ဦးနိုင်ငံလင်း၊ ဦးကျော်သူနှင့် ဒေါ်သန္တာမော်တို့တွင် ဒဏ်ရာများရရှိ
ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူ ဇော်လတ်၏ဖခင်မှာလည်း ယခုလက်ရှိ
သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကွက်စည်းရုံးရေးအဖွဲ့ဝင်
တစ်ဦးဖြစ်ကြောင်းသိရှိရပါသည်။

သရက်မြို့ နယ်အမျိုးသားဒီမိုကရေစီ အဖွဲချုပ် အောင်နိုင်ရေး ဖျော်ဖြေရေး

Aung Gyi Thayet added 5 new photos.မှ ကူးယူဖော်ပြသည်။
18 hrs ·
သရက်မြို့ နယ်အမျိုးသားဒီမိုကရေစီ
အဖွဲချုပ် အောင်နိုင်ရေး ဖျော်ဖြေရေး
အတွက် တေးရေး/ဆို သူရိန် ဦးဆောင်သော The Real Mussic
Band(မန္တလေး)တေးဂီတအဖွဲ့ တို့ သည်
၃၀/၁၀/၂၀၁၅ ညနေ(၃း၃၅) စခန်းကြီး
ပိတောက်ပင် တုတ်ကိုင်းကျေးရွာများသို့ 
လှည့်လည်စည်းရုံး သီဆို ဖျော်ဖြေရန်
ထွက်ခွာသွားသည်

မကွေးတိုင်းဒေသကြီးရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်



မကွေး အောက်တိုဘာ  ၃၀
          ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီး တွင် ပြည်သူများ အေးချမ်းလုံခြုံစွာ မဲပေးနိုင်ရေးအတွက် ခေမကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီနှင့် မကွေးခရိုင်၊ မကွေးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီတို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်က မကွေးမြို့ အထက-၄ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
          မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဗိုလ်မှူးကြီးနိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ရဲမှူးကြီးလူလူသန်းက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါ သည်။ ဆက်လက်ပြီး မကွေးခရိုင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးအုန်းသန်းက မကွေးခရိုင်အတွင်း လုံခြုံရေးများဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားပါသည်။ မကွေးခရိုင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးနှင့် မကွေးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးစောထွန်းဦးတို့က ပြည်သူများ အေးချမ်းလုံခြုံစွာ မဲပေးနိုင်ရေးအတွက် မကွေးခရိုင်နှင့် မကွေးမြို့နယ်အတွင်း လုံခြုံရေးများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း ပြောကြားရာ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြကြောင်းသိရသည်။
          အဆိုပါ အခမ်းအနားသို့ မကွေးခရိုင်ကော်မရှင်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ NGO များ တက်ရောက်ကြကြောင်းသတင်းရရှိပါသည်။
ညီညီမောင်(မကွေး)