Wednesday, September 23, 2015

ပြည်သူ့ဝန်ဆောင်မှု့ရုံး (OSS) လုပ်ငန်းဆိုင်ရာ ဆင့်ပွါးသင်တန်းဖွင့်ပွဲ ကျင်းပ



သရက် စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ပြည်သူ့ ၀န်ဆောင်မှု့ရုံး (OSS) လုပ်ငန်းဆိုင်ရာ ဆင့်ပွါးသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉) နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ အတွင်း ကျင်းပရာ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီး အကဲများ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က အဖွင့် အမှာစကားပြောကြား ရာမှာ ပြည်သူ့ဝန်ဆောင်မှု့ရုံးကို သရက်ခရိုင် အုပ်ချုပ်ရေးမှူး ၏ ဦးဆောင်လမ်းညွှန်မှု့ဖြင့် ဌာန(၉)ဌာနမှ ဌာနဆိုင်ရာ ၀န်ထမ်း(၂၅)ဦးဖြင့်စတင်ဖွင့်လှစ် ဆောင်ရွက်ပြီး ဖြစ်ရာ ရုံးဖွင့် လှစ်နိုင်ရေး အတွက်
ဌာနဆိုင်ရာများ ပူးဆောင်ရွက် ခဲ့ကြပြီး ရုံးအသုံးဆောင်များကို ၀ယ်ယူဆောင်ရွက်ခဲ့ပါသည်။ (OSS)ရုံးအတွက် နိုင်ငံတော်မှ Budget ချထားပေး နိုင်ခြင်းမရှိသည့် အချိန်တွင် မိမိတို့ ခရိုင်/မြို့နယ် အလိုက် အင်အားဖြင့်ဆောင်ရွက်နေရသည့် အချိန်ဖြစ်ပါတယ် သင်တန်းဖွင့် လှစ်ရခြင်း ရည်ရွယ်ချက်အား အကျယ် တ၀င့် ရှင်းလင်းဆွေးနွေးပေး ခဲ့သည်။ ထို့နောက် ဖွင့်ပွဲ အခမ်းအနားအပြီးတွင် သင်တန်းသား/ သင်တန်းသူ များအား ဘာသာရပ်အလိုက် သင်တန်းနည်းပြ ဆရာများမှ ပို့ချပေးခဲ့ကြောင်း သိရသည်။
မကွေးသတင်းစုံ

0 comments:

Post a Comment