မကွေး စက်တင်ဘာ
၂၃
မကွေးတိုင်းဒေသကြီးသမ၀ါယမအသင်းမှ
သမ၀ါယမ၀န်ကြီးဌာနနှင့် Dogdong Industrial Co.ltd တို့ပူးပေါင်း၍ လယ်ယာသုံးစက်ကရိယာပစ္စည်းရောင်းချပွဲနှင့်သရုပ်ပြပွဲကို
စက်တင်ဘာ၂၂ ရက် နံနက် ၉ နာရီက မကွေးတိုင်း ဒေသကြီး သမ၀ါယမအသင်းစုချုပ်ရုံး တွင်ကျင်းပသည်။
အခမ်းအနားတွင်
သမ၀ါယမ၀န်ကြီးဌာနညွှန်ကြားရေးမှုးဦးစိုင်းကျော်မင်းက အဖွင့်အမှာစကားပြော ကြားရာတွင်
သမ၀ါယမအသင်းသားတောင်သူများ လက်မှုလယ်ယာမှစက်မှုလယ်ယာသို့ကူးပြောင်းနိုင်ရန် လယ်ယာသုံးစက်ကိရိယာများကို
၁၀၀ ရာခိုင်နှုန်းမပေးချေနိုင်သည့်တောင်သူများအတွက် ကာလရှည် အရစ်ကျဝယ်ယူနိုင်ရန်စီစဉ်ထားပါကြောင်း၊ကိုရီးယားနိုင်ငံကထုတ်သည့်ပစ္စည်းများဖြစ်ပြီး
စက်စွမ်းရည်အထူး ကောင်းမွန်ကာအလုပ်လုပ်ရာတွင်လုပ်ငန်းတွင်ကျယ်မှုရှိပြီး စက်များဝယ်ယူသုံးစွဲသည့်တောင်သူများအနေဖြင့်
မိမိလယ်၊ယာများတွင်ကိုယ်တိုင်ထွန်ယက်နိုင်သည့်အပြင် အခြားလယ်ယာများသို့အငှားလိုက်
ထွန်ယက်နိုင် မည်ဖြစ်သည့်အတွက် ၀င်ငွေတိုးပြီး များစွာအကျိုးရှိမှာဖြစ်ပါကြောင်း စသည်ဖြင့်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ကိုရီးယားနိုင်ငံ Dogdong Industrial
Co.ltdမှ တာဝန်ရှိသူတစ်ဦးကစက်ကရိယာများနှင့်ပတ်သတ် ပြီး တက်ရောက်လာသောတောင်သူများအားရှင်းလင်းတင်ပြသည်။
စက်ကရိယာအမျိုးအစားမှာ
(၉)မျိုးအသုံးပြုနိုင်ပြီး ဒေဒုံစက်ပစ္စည်းအမျိုးအစားမှာ အရည်အသွေး ကောင်းမွန်ပြီး
CK-2010 ထွန်စက်၊CK-3510ထွန်စက်စသည်ဖြင့်ပါဝင်သည်။ဝယ်ယူလိုသူအသင်းသားတောင်သူ များအတွက်အ၇စ်ကျဝယ်ယူနိုင်ရေးအတွက်
အမှာစာလက်ခံခြင်း Down paymet ပေးချေခြင်းများလက်ခံ ဆောင်ရွက်ပေးလျှက်ရှိသည်။ လယ်ယာသုံးစက်ကရိယာများကိုစတင်ဝယ်ယူချိန်တွင်
တန်ဘိုး၏(၁၀%)သာ ပေးသွင်းရမည်ဖြစ်ပြီးတနှစ်ပြည့်ချိန်တွင် အရင်း(၅%)နှင့် အတိုးပေးသွင်းရမည်ဖြစ်ပြီး
ကျန်ငွေကို (၅)နှစ်အတွင်း (၆)လတစ်ကြိမ်ဖြင့် (၁၀)ကြိမ်ပေးသွင်းရမည်ဖြစ်သည်။
အခမ်းအနားတွင်
ကိုရီးယားပညာရှင်မျာက စက်ကရိယာများအားလက်တွေ့ သရုပ်ပြမောင်းနှင်ခြင်း တောင်သူများကိုယ်တိုင်စမ်းသပ်မောင်းနှင်စေခြင်းတို့ဆောင်ရွက်ပေးခဲ့ကြောင်းနှင့်
စိတ်ဝင်စားသူသမ၀ါယမ အသင်းသားတောင်သူ(၇၀၀)ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment