Monday, September 28, 2015

ဗိုလ်ချုပ်ကြီးဟောင်းများဖြစ်ကြတဲ့ ဦတင်နိုင်သိန်း၊ ဦးလှဌေးဝင်းတို့ ဦးဆောင်ကျင်းပတဲ့ ကြံ့ခိုင်ရေးပါတီ နေပြည်တော်ကိုယ်စားလှယ်လောင်းများ

Thant Sin shared Thiha Thwe's photo. မှကူးယူဖော်ပြသည်။
25 mins ·
ဗိုလ်ချုပ်ကြီးဟောင်းများဖြစ်ကြတဲ့ ဦတင်နိုင်သိန်း၊ ဦးလှဌေးဝင်းတို့ ဦးဆောင်ကျင်းပတဲ့ ကြံ့ခိုင်ရေးပါတီ နေပြည်တော်ကိုယ်စားလှယ်လောင်းများ ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောစည်းရုံး ရေး ပွဲအတွေ့အကြုံလေး ဝေမျှချင်ပါတယ် ။ အရင်ဆုံး ကြံ့ခိုင်ရေးပါတီ ဗဟို အတွင်းရေးမှုး ဦးတင်နိုငိသိန်း ရဲ့ ဟောပြောဆွေနွေးချက်မှာပါဝင်တဲ့ နိုင်ငံရေး အရ အရေးကြီးတဲ့ message လေး၂ ခု အကြောင်း အရင်ပြောချင်ပါတယ်။ ပထမ တချက်က အခြားပါတီ တွေ အနေနဲ့ ပြောင်းလဲချိန်တန်ပြီ လို့ ဝေဖန်နေကြမယ့် အစား ပြောင်းလဲချိန်တန်ပြီ လို့ အရင် ဆုံးဖြတ်ပြီး အပြောင်းအလဲ တွေလုပ်နေတဲ့ ကြံ့ခိုင်ရေးပါတီ နဲ့ လက်တွဲဆောင်ရွက်ကြဖို့ ဒီနေရာ ကနေဖိတ်ခေါ်ကြောင်း ၊ ဒုတိယ တစ်ချက် က ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံ ထူထောင်နိုင်ဖို့ လိုအပ်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးတွေကို လုပ်ဆောင်မယ် .. ဆိုတဲ့ အချက်တွေပါပဲ ။ ဟောပြောဆွေးနွေးခြင်းကို ဦးတင်နိုင်သိန်း တယောက် ကသာ ဆောင်ရွက်ခဲ့ပြီးကျန် ကိုယ်စားလှယ်များ က မိတ်ဆက်စကားအနည်းငယ် သာပြောဆိုခဲ့ကြပါတယ်။ ကိုယ်စားလှယ်လောင်း တွေထဲမှာ လူသိများသူတွေ ကတော့ ဗိုလ်ချုပ်မောင်ဦး (ယခင်ပြည်ထဲရေး ဝန်ကြီးဟောင်း) ၊ ဗိုလ်မှုးချုပ်ဇင်ယော်၊ ဗိုလ်ချုပ်ကြီးလှဌေးဝင်း ၊ ဗိုလ်ချုပ်ဝေလွင် တို့ပါဝင်ကြပါတယ်။ တက်ရောက် လာတဲ့ လူဦးရေကတော့ တစ်ထောင်ကျော် လောက် ရှိမယ်လို့မှန်းပါတယ် ။ ထူးခြားတာကတော့ ပြိုင်ဖက်ပါတီ ကို အပြင်းအထန်ဝေဖန်ပုတ်ခတ် တဲ့ ပြောဆိုသုံးနှုံးမှုများ မပါဝင်ပဲ အမျိုးဘာသာသာ သနာ ကိုလည်း အားထားထည့်သွင်း သုံးစွဲသွားခြင်း မရှိတာပါပဲ။
သို့သော် ကြံ့ခိုင်ရေးပါတီရဲ့ နိုင်ငံရေး ဆိုင်ရာ အယူဝါဒရေးရာ နိုင်ငံရေး မျှော်မှန်းဆောင်ရွက်ချက် တွေ နဲ့ ပတ်သပ်ပြီး ပြောတဲ့ အခါမှာတော့ ပြည်သူတွေ အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင် နေနိုင်ရေး နဲ့ စီးပွါးရေးကောင်းမွန်ရေး ဆိုတဲ့ အချက် ၂ ချက် ကိုသာ အခြေခံပြီးပြောကြားခဲ့တဲ့ အတွက် ကြံ့ခိုင်ရေးပါတီ ရဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ ဘုန်းတော်ကြီးတွေ ဘိုးတော်တွေပေးတဲ့ ဆုလဘ်လာဘလောက်ပဲ ရှိသလိုဖြစ်နေပါတယ်။ လက်ရှိကြံ့ခိုင်ရေးပါတီ က ဖွဲ့စည်းထားတဲ့ အစိုးရ က ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ကြောင့် အခုအခါ ရွာတွေမှာ မော်တော်ဆိုင်ကယ် တွေများလာကြောင်း၊ လက်ကိုင်ဖုန်းတွေလည်း လူတိုင်းလို ကိုင်ဆောင် အသုံးပြုနိုင်ကြတာဟာ ဒီမိုကရေစီ အဖူးအညွန့် တွေဖြစ်ကြောင်း ပြောတော့ တက်ရောက်လာ တဲ့ ပရိတ်သတ်တောင် ထ ရီကြပါ တယ်။ ကြံ့ခိုင်ရေး လက်ရှိ အမျိုးသားလွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့ စိုက်ပျိုးရေး ဝန်ထမ်းဟောင်း ဦးမှတ်ကြီး က လယ်ယာမြေ ပြဿနာတွေဖြေရှင်းပေးမယ်ဆိုတဲ့ ပြောကြားချက် ကိုတော့ တက်ရောက်သူတွေ သဘောတွေ့ ကြတာတွေ့ ရပါတယ် ။ တက်ရောက်လာတဲ့ လူတွေထဲမှာ ဗိုလ်ချုပ်ဝေလွင်ကို အများစုက သဘောကျတာတွေ့ရပါတယ် ။ တိုတိုရှင်းရှင်းပြော တဲ့ ဗိုလ်ချုပ်မောင်ဦး က လက်ခုပ်သံအများဆုံးရရှိ ပါတယ်။ ပရိတ်သတ် နဲ့ အတူမြေကြီးပေါ်မှာ ကိုယ်စားလှယ်အားလုံး ထိုင်ကြတာဖြစ်ပြီး ထိုင်ခါစ မှာ ဗိုလ်ချုပ်မောင်ဦးက ဖိနပ် ဖင်ခုထိုင်မလိုလုပ်ရင်း ဖိနပ်ပျောက်မှာစိုးကြောင်း ဒါမျိုးရိုးနေပြီလို့ အရွှန်းဖေါက် ပါတယ်။ ပရိတ်တွေထဲမှာ လက်ခုပ်လိုက်မတီးတဲ့သူတွေအများအပြားရှိတာ သတိထားမိပါတယ်။ အဆိုးဆုံးကတော့ ကိုယ်စားလှယ်တွေ မိတ်ဆက်စကားပြောအပြီး ပရိတ်သက် တရောက်က ပြန်လည်ဆွေးနွေးတဲ့ အစီအစဉ်ကျင်းပနေစဉ်မှာ လူတွေ အများအပြား ထပြန်ကုန်ကြလို့ စည်းကမ်းတကျ အခမ်းးအနား ပြီးသည်အထိ နေကြဖို့တားယူရပါတယ် ။ နေအရမ်း ပူနေတာကြောင့် လူအတော်များများ ပွဲစကတည်း က ဖင်တကြွကြွဖြစ်နေတာပါ။ ကျွန်တော့ အမြင်ပြော ရရင်တော့ ဦးရွှေမန်းတို့ ဦးဇော်မြင့်ဖေတို့ လို ပြောတက်ဆိုတက် ပုဂ္ဂိုလ်တွေကို ရုတ်တရက် ဖယ်ရှား လိုက်တာကြောင့် ကြံ့ခိုင်ရေး မှာ အထောင်ကစားသမား မရှိသလိုဖြစ်သွားတာ ဟာ လူထုနဲ့ ထိတွေ့တဲ့ အခါ အဓိက ပြဿနာဖြစ်လာပါ တယ်။ အခြေခံ အကျဆုံးလိုအပ်ချက်ကတော့ လူထု ရင်ထဲကို ရောက်တဲ့ ပါတီဖြစ်အောင် လူထု နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ပါတီဖြစ်အောင် အစိုးရအာဏာပိုင် တွေ ဆိုတဲ့ အရိပ်ကြီးထိုးနေတာကို ဖယ်ရှားနိုင်ဖို့လို ပါတယ်။ နိုင်ငံရေး အပိုင်း မှာလည်း ပြည်သူတွေ နှစ်ပေါင်း ၃၀ နီးပါးကြားခဲ့ ရတဲ့ လမ်းတွေတံတား တွေ အကြောင်း မပြောပဲ ပြင်ပ ကမ္ဘာကြီး ကို ပြတင်းပေါက် လှမ်းမြင်ရသလို မြင်နေရတဲ့ အခုလို အင်တာနက် ခေတ်ကြီးမှာ လူထုကို ကမ္ဘာ နဲ့ ရင်ပေါင်တန်းပြီး ဘယ်လိုနေနိုင်အောင် နိုင်ငံ ကို ကမ္ဘာ့အလယ်မှာ ခေါင်းမော့ရင်ကော့ပြီး နေနိုင် အောင် ဘာတွေလုပ်မယ် ဆိုတာမျိုး သာပြောဆို စည်းရုံးခြင်း ကသာ လူထု စိတ်ဝင်စားမှု အာရုံစိုက် မှုကို ရနိုင်မယ်လို့ထင်ပါတယ်။ ၂၈-၉-၂၀၁၅ နေပြည်တော်

0 comments:

Post a Comment